မာရာဒိုနာအမည် မှည့်ထားသူများကို အကျႌလက်ဆောင်ပေးရန် Adidas ရှာဖွေ

မာရာဒိုနာအမည် မှည့်ထားသူများကို အကျႌလက်ဆောင်ပေးရန် Adidas ရှာဖွေ
Photo: Adidas
Photo: Adidas
Published 17 August 2021

Adidas သည် ၁၉၈၁ ခုနှစ်အတွင်း မွေးဖွားပြီး မာရာဒိုနာ၏အမည်  မှည့်ခေါ်ထားသည့် အာဂျင်တီးနားလူမျိုးများကို အကျႌလက်ဆောင်ပေးအပ်ရန်အတွက် တနင်္လာနေ့တွင် စတင်ရှာဖွေခဲ့ကြောင်း သိရသည်။

မာရာဒိုနာသည် ၁၉၈၁ ခုနှစ်တွင် ဘိုကာဂျူနီယာအသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး အမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် ယင်းနှစ်တွင် မွေးဖွားသည့် ကလေးများကို အာဂျင်တီးနားနိုင်ငံ၌ မာရာဒိုနာ၏အမည် အများဆုံးမှည့်ခေါ်ခဲ့ကြောင်း သိရသည်။

Adidas သည် ပြီးခဲ့သည့်ရာသီမှစ၍ ဘိုကာဂျူနီယာအသင်း၏ ဝတ်စုံစပွန်ဆာကို ပြန်လည်ရယူခဲ့ပြီး ယခုရာသီအတွက် ဝတ်စုံသစ် ဖန်တီးရာတွင် မာရာဒိုနာကို ဂုဏ်ပြုသည့်အနေဖြင့် ၁၉၈၁ ခုနှစ်က ဝတ်စုံပုံစံ ပြန်လည်ဖန်တီးခဲ့သည်။

ထို့ပြင် အထူးအစီအစဉ်အဖြစ် အဆိုပါ ၁၉၈၁ ခုနှစ်တွင် မွေးဖွားပြီး မာရာဒိုနာအမည် မှည့်ခဲ့သူများကို လက်ဆောင်ပေးရန် ရှာဖွေနေခြင်းဖြစ်ပြီး စုစုပေါင်း(၁၇၀၀)ကျော်ရှိသည်ဟု သိရသည်။

Most Read

Most Recent