စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ထိုင်ခုံတပ်ဆင်မှု အပြီးမသတ်နိုင်သေး

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ထိုင်ခုံတပ်ဆင်မှု အပြီးမသတ်နိုင်သေး
Photo: Getty Images
Photo: Getty Images
Published 13 August 2021

ချယ်လ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ထိုင်ခုံအသစ်တပ်ဆင်မှုများ ပြုလုပ်နေရာ အပြီးမသတ်နိုင်သေးကြောင်း သိရှိရသည်။ 

ထို့ကြောင့် သြဂုတ်လ (၁၄)ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ရာသီအဖွင့်ပွဲတွင် တစ်ရာသီလက်မှတ်ကိုင်ဆောင်ထားသည့် ချယ်လ်ဆီးပရိသတ်အချို့ ကြည့်ရှုနိုင်ဖွယ်မရှိကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် Matthew Harding ပွဲကြည့်စင်အောက်ဘက်ခြမ်းတွင် Rail Seating များ တပ်ဆင်နေခြင်းဖြစ်သည်။ 

သို့သောာ် အဆိုပါ  Rail Seating များ တပ်ဆင်နေမှုမှာ အချိန်မီမပြီးသည့်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ကစားမည့်ပွဲတွင် ယင်းနေရာကို ပိတ်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။  

ယခုဖြစ်ရပ်အတွက် ချယ်လ်ဆီးအသင်းက ပရိသတ်များကို တောင်းပန်ခဲ့ပြီး လက်မှတ်ဖိုးနှင့် ခရီးစရိတ်ပြန်အမ်းပေးသွားမည်ဟု ကြေညာခဲ့သည်။

Most Read

Most Recent