သောကြာနေ့က ဘင်ဝှိုက်ကို အပြီးသတ် မခေါ်ယူနိုင်ခင်အချိန်အထိ အာဆင်နယ်အသင်း ဟာ သူ့အတွက် ကမ်းလှမ်းမှု ၅)ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဘရိုက်တန် အသင်း မငြင်းနိုင်လောက်တဲ့ ပြောင်းရွှေ့ကြေးပမာ ဏ ပေါင်သန်း (၅၀)နဲ့ ကမ်းလှမ်းခဲ့ပြီး အင်္ဂလန် လက်ရွေးစင်နောက်ခံလူအတွက် တောင်ပိုင်းကမ်း ခြေကလပ်အသင်းဆီက သဘောတူညီမှုရယူနိုင် ခဲ့တာဖြစ်တယ်။ ဒါတောင်မှ ဘရိုက်တန်အသင်းက ဘင်ဝှိုက် ကို ရောင်းချင်စိတ်မရှိခဲ့ဘူး။ ကစားသမားရဲ့ ဆန္ဒ ပြင်းပြလွန်းလို့ လက်ခံလိုက်ရတာဖြစ်တယ်။ ဒီကာ လတွေအတွင်းမှာ အာဆင်နယ်အသင်းဘက်က လည်း ဘင်ဝှိုက်နဲ့ တရားဝင်ဆက်သွယ်ဖို့အတွက် ဘရိုက်တန်ကို ခွင့်ပြုချက်တောင်းခံခဲ့ပြီး၊ ဖုန် ခေါ် ဆိုမှုတွေ၊ Zoom Call တွေကို ရက်သတ္တပတ်အ တန်ကြာအောင်လုပ်ပြီး စည်းရုံးခဲ့တယ်။ အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာ တီတာက အသင်းပိုင်ရှင်တွေကို သူ ဘင်ဝှိုက်ကို ဘယ်လောက်လိုချင်တဲ့အကြောင်း ရှင်းရှင်းလင်း လင်းအသိပေးခဲ့ပြီး ဘင်ဝှိုက်ဟာ အသင်းရဲ့ အောင် မြင်မှုတွေအတွက် အရေးပါတဲ့ကစားသမားဖြစ် လာမယ်လို့လည်း ကတိပေးခဲ့တယ်။ အာတီတာ ဟာ ဘင်ဝှိုက်ကို ခေါ်ယူဖို့ မဆုံးဖြတ်ခင်ကတည်းက ခြေလှမ်းတချို့ကိုလည်း လှမ်းကြည့်ခဲ့ပြီး သူ့စိတ် ကြိုက်ဖြစ်လို့ အခုလို ကတိပေးပြီး ခေါ်ယူခဲ့တာဖြစ် တယ်။
အာတီတာက ဘင်ဝှိုက်ရဲ့အပြောင်းအရွှေ့ မတိုင်ခင်မှာ . . .
■ တစ်နှစ်ကျော်ကြာ စောင့်ကြည့်ခဲ့တယ်။
■ စေ့စပ်ညှိနှိုင်းမှုတွေအတွင်းမှာ ဘင်ဝှိုက်ကို မျက်ခြည်မပြတ် ဆက်သွယ်ခဲ့တယ်။
■ အင်္ဂလန်အသင်းလေ့ကျင့်ရေးကွင်းက ဘင်ဝှိုက် ရဲ့အခြေအနေကို အာတီတာအတွက် ဆာကာ က စောင့်ကြည့်ပေးခဲ့တယ်။
■ အာဆင်နယ်ဟာ နောက်ထပ်အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ လုပ်ဦးမယ်ဆိုတာကို ဘင်ဝှိုက် ကို အသိပေးခဲ့ပြီး အနာဂတ်စီမံကိန်းတွေကို ရှင်းပြခဲ့တယ်။
အာဆင်နယ်နဲ့ ဘင်ဝှိုက်အပြောင်းအရွှေ့ ဘယ်လိုဖြစ်လာသလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago