ကိုဗစ်ကူးစက်မှုခံခဲ့ရသော ကစားသမား(၂)ဦးကို  ရှက်ဖီးယူနိုက်တက်အသင်း စပိန်နိုင်ငံ၌ ထားခဲ့ရပြီး ကျန်တစ်သင်းလုံး သီးခြားနေထိုင်မှု ခံယူရမည်

ကိုဗစ်ကူးစက်မှုခံခဲ့ရသော ကစားသမား(၂)ဦးကို  ရှက်ဖီးယူနိုက်တက်အသင်း စပိန်နိုင်ငံ၌ ထားခဲ့ရပြီး ကျန်တစ်သင်းလုံး သီးခြားနေထိုင်မှု ခံယူရမည်
Photo: Daily Mail
Photo: Daily Mail
Published 19 July 2021

လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းသည် စပိန်နိုင်ငံ၌ လေ့ကျင့်ခန်းဆင်းရာတွင် ကစားသမား(၂)ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ၎င်းတို့ကို စပိန်နိုင်ငံ၌ ထားရှိခဲ့ရကြောင်း သိရသည်။

ရှက်ဖီးယူနိုက်တက်အသင်းမှ တိုက်စစ်မှူးတစ်ဦးနှင့် အရန်ဂိုးသမားတစ်ဦးတို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများအရ ၎င်းတို့ကို အင်္ဂလန်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခြင်း မပြုနိုင်တော့ဘဲ စပိန်တွင် ခေတ္တနေထိုင်စေခဲ့ရကြောင်း သိရသည်။

ထို့အတူ စပိန်နိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ ပြန်လာသော  ရှက်ဖီးယူနိုက်တက်တစ်သင်းလုံးမှာလည်း အင်္ဂလန်သို့အရောက်တွင် အခြားသူများနှင့် ရောနှောနေထိုင်ခွင့်မရှိဘဲ သီးခြားနေထိုင်မှု (၁၀)ရက်ကြာ ခံယူရမည်ဖြစ်ကြောင်း သိရသည်။

ရှက်ဖီးယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်းသွားသော အသင်းတစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်သို့ တန်းပြန်တက်ခွင့်ရအောင် ရည်ရွယ်နေသည့် အသင်းဖြစ်သည်။

သိုု့ဖြစ်ရာ ယင်းကိုဗစ်ကူးစက်မှုပြဿနာမှာ ရှက်ဖီးယူနိုက်တက်အသင်း၏ ရာသီကြိုပြင်ဆင်မှုများကို ထိခိုက်စေခဲ့ရကြောင်း သိရသည်။

ရှက်ဖီးယူနိုက်တက်အသင်းသည် လာမည့်ရာသီသစ်အတွက်  ဝက်ဖို့ဒ်နှင့် ဖူဟမ်အသင်းတို့ကို ကိုင်တွယ်ဖူးသူ ဆားဘီးယားလူမျိုးနည်းပြ ဆလာဗီဆာယိုကာနိုဗစ်ကို ခန့်အပ်ထားသည်။

Most Read

Most Recent