ပတ်ဒရီဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ တစ်ဂိုးမှမသွင်းနိုင်၊ ဂိုးဖန်တီးပေးတာမျိုးလည်း မလုပ်နိုင်တဲ့အပြင် ဂိုးကန်သွင်းချက်တောင် တစ်ကြိမ်မှမရှိခဲ့ပါဘူး။ ဒီကြားထဲ ဂိုးသမား အူနိုင်းဆီမွန်ဆီ ပြန်လည်ပေးပို့မှုက ဆီမွန်ဘောလုံးချော်ဖမ်းခဲ့လို့ ကိုယ့်ဂိုးကိုယ်ပြန်ဝင်သွားတာမျိုးတောင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပတ်ဒရီတစ်ယောက် ဘာလို့ လူငယ်အကောင်းဆုံးကစားသမားဖြစ်ခဲ့သလဲဆိုတော့ သူ့ရဲ့အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်မှု၊ ကစားအား၊ အသင်းတိုက်စစ်အတွက် တိကျတဲ့ ပံံ့ပိုးမှုတွေပေးနိုင်ခဲ့တဲ့ ခြေစွမ်း၊ အသင်းအတွက် လိုအပ်သလို မမောတမ်း လိုက်ပါဖြည့်ဆည်းကစားပေးနိုင်မှုနဲ့ ကွင်းလယ်မှာ အကွက်ကျကျစီမံ လှုပ်ရှားရင်း ပြိုင်ဘက်တွေကို ထိန်းချုပ်ကစားပြနိုင်မှုတွေက အဓိကကျခဲ့တယ်။
ပတ်ဒရီဆိုတဲ့ ကောင်လေး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















