လူးကပ်စ်မော်ရာအပါအဝင် ကစားသမား(၆)ဦးကို ရောင်းထုတ်ရန် စပါးအသင်း ပြင်ဆင်

လူးကပ်စ်မော်ရာအပါအဝင် ကစားသမား(၆)ဦးကို ရောင်းထုတ်ရန် စပါးအသင်း ပြင်ဆင်
Photo: Getty Images
Photo: Getty Images
Published 17 July 2021

စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လူးကပ်စ်မော်ရာအပါအဝင် ကစားသမား(၆)ဦးကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း The Athletic က ဖော်ပြခဲ့သည်။

စပါးအသင်းနည်းပြသစ် နူနိုဆန်တိုသည် အသင်းကို ပြန်လည်တည်ဆောက်ရန် ဆန္ဒပြင်းပြနေပြီး အသုံးမတည့်သည့် ကစားသမားများကို ရောင်းထုတ်သွားရန် ပြင်ဆင်လာခြင်းဖြစ်သည်။ 

The Athletic ၏ ဖော်ပြချက်အရ စပါးအသင်းရောင်းထုတ်မည့် ကစားသမားများမှာ အော်ရီယာ၊ ဒါဗင်ဆန်ဆန်းချက်ဇ်၊ ဆစ်ဆိုကို၊ လူးကပ်စ်မော်ရာ၊ လာမယ်လာနှင့် အယ်လ်ဒါဝီရယ်လ်တို့ဖြစ်ကြောင်း သိရသည်။ 

အော်ရီယာနှင့် ဒါဗင်ဆန်ဆန်းချက်ဇ်တို့မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြရန် ရုန်းကန်နေရခြင်းကြောင့် စပါးအသင်း ရောင်းထုတ်လိုနေခြင်းဖြစ်ပြီး အယ်လ်ဒါဝီရယ်လ်ကမူ အသင်းမှထွက်ခွာရန် တောင်းဆိုထားကြောင်း သိရသည်။ 

စပါးအသင်းသည် အသင်းကို အင်အားဖြည့်တင်းရန်လည်း စီစဉ်နေပြီး ဆောက်သမ်တန်တိုက်စစ်မှူး အန်နီအင့်စ်၊ ဘိုလော့ဂ်နာနောက်ခံလူ တိုမီယာဆုနှင့် ဆီဗီလာနောက်ခံလူ ခွန်ဒဲတို့ကို ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရသည်။ 

Most Read

Most Recent