ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် အာဆင်နယ်အသင်း စိတ်ဝင်စား

ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် အာဆင်နယ်အသင်း စိတ်ဝင်စား
Photo: Getty Images
Photo: Getty Images
Published 16 July 2021

အာဆင်နယ်အသင်းသည် ချယ်လ်ဆီးအသင်း ရောင်းထုတ်ရန် စီစဉ်နေသော အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန်အတွက် အေဘရာဟမ်အပါအဝင် ကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်လျက်ရှိသည်။ 

ချယ်လ်ဆီးအသင်း ရောင်းထုတ်မည့်ကစားသမားများထဲတွင် အေဘရာဟမ်မှာလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး  အာဆင်နယ်အသင်းက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်းသည် အေဘရာဟမ်(၂၃ နှစ်) ကို ပြောင်းရွှေ့ကြေးပေါင်သန်း(၄၀)ဝန်းကျင်ဖြင့် ရောင်းထုတ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်သည် တူဟယ်လက်တွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီ ပြိုင်ပွဲစုံ (၃၂)ပွဲတွင် (၁၂)ဂိုးသွင်းယူခဲ့သည်။ 

Most Read

Most Recent