ယခုနွေရာသီအပြောင်းအရွှေ့ကာလ အတွင်း ချယ်လ်ဆီးအသင်းကို စွန့်ခွာရန် စီ စဉ်နေသော ပြင်သစ်နောက်ခံလူ ဇူးမားကို ခေါ်ယူရန် ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် စပါး အသင်းနှင့် အဲဗာတန်အသင်းတို့က အပြိုင် ပစ်မှတ်ထားနေကြောင်း သိရသည်။
ဇူးမား သည် ၂၀၁၄ ခုနှစ်က ပြင်သစ်ကလပ် စိန့်အက်တီယန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်း ရွှေ့လာသူုဖြစ်ပြီး စတုတ်စီးတီး၊ အဲဗာတန် အစရှိသောအသင်းများသို့ အငှားသွားရောက် ကစားခဲ့ရသူဖြစ်သည်။
ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ထွက်(၂၂)ပွဲသာ ကစားခဲ့ရသူ ဇူးမားအား ခေါ်ယူရန် ချယ်လ်ဆီးအသင်းနည်းပြဟောင်းတစ်ဦးဖြစ်သူ လက်ရှိရိုးမားအသင်းနည်းပြ မော်ရင်ဟိုကလည်း စိတ်ဝင်စားနေပြီး အငှားခေါ်ယူ ခွင့်ရရှိရန်အတွက် ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သိရသည်။















