ပရက်စတန်နှင့် ခြေစမ်းမည်ဟု မန်ယူအသင်း အတည်ပြု

ပရက်စတန်နှင့် ခြေစမ်းမည်ဟု မန်ယူအသင်း အတည်ပြု
Photo: Manutd
Photo: Manutd
Published 13 July 2021

မန်ယူအသင်းသည် ရာသီကြိုကာလ၌ ခြေစမ်းပွဲ(၄)ပွဲ ယှဉ်ပြိုင်ကစားသွားရန် စီစဉ်ထားရာမှ ယခုအခါ ပရက်စတန်အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

မန်ယူအသင်းသည် မူလက ဒါဘီ၊ QPR၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်အသင်းတို့ ခြေစမ်းကစားရန် စီစဉ်ထားခြင်းဖြစ်ပြီး ဇူလိုင်(၁၈၊ ၂၄၊ ၂၈) နှင့် သြဂုတ်(၇)တို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပရက်စတန်နှင့်ပွဲကို ဇူလိုင်(၃၁)တွင် ထပ်တိုးယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါခြေစမ်းပွဲ(၅)ပွဲကို အိမ်ကွင်း ၌ (၂)ပွဲ၊ အဝေးကွင်း၌ (၃)ပွဲ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မန်ယူအသင်းသည် အဆိုပါရာသီကြိုခြေစမ်းပွဲအားလုံးကို MUTV  တွင် ပြသသွားမည်ဖြစ်သလို၊ ဘရန်ု့ဖို့ဒ်၊ အဲဗာတန်တို့နှင့် ယှဉ်ပြိုင်မည့် အိမ်ကွင်းပွဲစဉ်များအတွက် လက်မှတ်များလည်း ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent