၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေ့ဆိုင်းခြင်းရှိမရှိ ဇူလိုင် (၈)ရက်တွင် အတည်ပြုထုတ်ပြန်မည်

၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေ့ဆိုင်းခြင်းရှိမရှိ ဇူလိုင် (၈)ရက်တွင် အတည်ပြုထုတ်ပြန်မည်
Photo: Getty Images
Photo: Getty Images
Published 26 June 2021

 

ဗီယက်နမ်အိုလံပစ်ကော်မတီသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအား ရွှေ့ဆိုင်းခြင်းရှိမရှိ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဇူလိုင် (၈) ရက်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်အိုလံပစ်ကော်မတီ တာဝန်ရှိသူများသည် ဇွန် (၂၄)ရက်က ဆီးဂိမ်းစ်အဖွဲ့ ချုပ် တာဝန်ရှိသူများ၊ အရှေ့တောင်အာရှနိုင်ငံ (၁၁) နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အွန်လိုင်း အစည်းအဝေးပြုလုပ်ခဲ့သော်လည်း ဗီယက်နမ် အစိုးရတာဝန်ရှိသူများဘက်မှ ပြိုင်ပွဲနှင့်ပတ်သက်၍ အကြောင်းပြန်ခြင်းမရှိသေးသဖြင့် ပြိုင်ပွဲရွှေ့ဆိုင်းခြင်းရှိမရှိ အတည်မပြုနိုင်ခြင်း ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူး စက်မှုနှုန်းမြင့်တက်နေသဖြင့် ၂၀၂၁ ဆီးဂိမ်းစ် ပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းရန် အဆိုပြု ထားပြီး ယင်းအဆိုပြုမှုကို မြန်မာတစ်နိုင်ငံတည်းက ထာက်ခံကာ ကျန်အရှေ့တောင်အာရှ နိုင်ငံအများစုက ကန့်ကွက်ထားသည်။ 

ထို့ ကြောင့် ဗီယက်နမ်အိုလံပစ်ကော်မတီသည် ကပ်ရောဂါအခြေအနေကြောင့် ပြိုင်ပွဲအား သတ်မှတ်ရက်အတိုင်း လက်ခံကျင်းပနိုင်ခြင်း ရှိမရှိ အစိုးရအဖွဲ့ထံ တင်ပြထားပြီး အကြောင်း ပြန်မှုမရသေးသဖြင့် ယခုအစည်းအဝေးတွင် အပြီး သတ် အတည်မပြုနိုင်ခဲ့ခြင်းဖြစ်သည်။ 

"ဗီယက်နမ်နိုင်ငံက ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေ့ဆိုင်း ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပေမဲ့ အတည် မပြုနိုင်ခဲ့ပါဘူး။ ပြိုင်ပွဲကျင်းပဖို့ ဗီယက်နမ် အစိုးရဆီတင်ပြထားပေမဲ့ အတိအကျ မသိရ သေးတာကြောင့် အတည်ပြုမယ့်ရက်ကို နောက် ဆုတ်လိုက်တာဖြစ်ပါတယ်။  အစိုးရတာဝန်ရှိ သူတွေရဲ့ အကြောင်းပြန်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်မယ့်သဘောရှိပါတယ်။ ဆီးဂိမ်းစ်ပြိုင် ပွဲ ရွှေ့ဆိုင်းခြင်းရှိမရှိ အတည်ပြုမှာဖြစ်ပြီး ဇူလိုင်  (၈)ရက်ပြုလုပ်မယ့် အစည်းအဝေးမှာ ထုတ်ပြန် သွားမှာဖြစ်ပါတယ်"ဟု အွန်လိုင်းအစည်း အဝေးတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

Most Read

Most Recent