လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းခန့် ပိုမိုတင်ပို့နိုင်သဖြင့် ဝင်ငွေဒေါ်လာသန်း ၁၇၀ ကျော် ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းခန့် ပိုမိုတင်ပို့နိုင်သဖြင့် ဝင်ငွေဒေါ်လာသန်း ၁၇၀ ကျော် ပိုမိုရရှိထား
ပြည်တွင်းရော်ဘာလုပ်ငန်းခွင်တစ်ခုမှ ရော်ဘာများ နေလှန်းအခြောက်ခံထားသည်ကို တွေ့ရစဉ်
ပြည်တွင်းရော်ဘာလုပ်ငန်းခွင်တစ်ခုမှ ရော်ဘာများ နေလှန်းအခြောက်ခံထားသည်ကို တွေ့ရစဉ်
Published 15 June 2021

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းခန့် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၁၇၀ ကျော် ပိုမိုရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ ရော်ဘာစိမ်းတန်ချိန် ၂၂၄,၃၁၃ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၄၀ ဒသမ ၅၄၆ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ပြည်ပသို့ ရော်ဘာစိမ်းတန်ချိန် ၁၃၄,၇၁၉ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၆၆ ဒသမ ၈၄၇ သန်းသာ ရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ရော်ဘာစိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၈၉၅၉၄ တန် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၇၃ ဒသမ ၆၉၉ သန်း ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်သည်။ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်သွေးပိုမိုကောင်းမွန်ရန်အတွက် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု မြင့်လာစေရေးတို့အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက်ကို ဦးစားပေးကဏ္ဍ ကုန်စည် (၁၁) ခု၊ ဝန်ဆောင်မှု (၂)ခုနှင့် အထောက်အကူပြုကဏ္ဍ (၅) ခု စုစုပေါင်း (၁၈) ခု သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရော်ဘာကဏ္ဍသည်လည်း ဦးစားပေးကဏ္ဍတစ်ရပ်အဖြင့် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent