ဒွန်နာရမ်မာ၏လမ်းခွဲတွင် ရိုင်အိုလာမှာ အောင်နိုင်သူဖြစ်သည်ဟု အီတလီမီဒီယာများဖော်ပြ

ဒွန်နာရမ်မာ၏လမ်းခွဲတွင် ရိုင်အိုလာမှာ အောင်နိုင်သူဖြစ်သည်ဟု အီတလီမီဒီယာများဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 14 June 2021

ယခုနွေရာသီအပြောင်းအရွှေ့တွင် အေစီမီလန်အသင်းမှထွက်ခွာတော့မည့် အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာ၏ လမ်းခွဲဇာတ်လမ်း၌ အေးဂျင့်ဖြစ်သူ ရိုင်အိုလာမှာ အကျိုးအမြတ်များစွာရရှိခဲ့ပြီး အောင်နိုင်သူတစ်ဦးဖြစ်ခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် (၂၂)နှစ်အရွယ်ရှိ အီတလီဂိုးသမား ဒွန်နာရမ်မာသည် ယခုနွေရာသီတွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြင်သစ်ကလပ် PSG အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း  သိရသည်။

အေစီမီလန်အသင်း၏ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်သူ ဒွန်နာရမ်မာသည် အေစီမီလန်အသင်း၏စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို အကြိမ်ကြိမ်ငြင်းပယ်ကာ အသင်းမှ အလွတ်ထွက်ခွာရန်စီစဉ်ခဲ့ပြီး ယင်းသို့အလွတ်ထွက်ခွာခဲ့ခြင်းအပေါ် အေစီမီလန်အသင်းပရိသတ်များက ဒေါသထွက်လျက်ရှိနေသည်။

ထို့ပြင် ဒွန်နာရမ်မာအေနေဖြင့် အေစီမီလန်အသင်းမှ ထွက်ခွာခြင်းမှာ တစ်စုံတစ်ယောက်၏ ဖိအားပေးမှုကြောင့်ဖြစ်ဖွယ်ရှိနေပြီး ရိုင်အိုလာမှာ ယခုအပြောင်းအရွှေ့၏ အဓိကကြိုးကိုင်သူဖြစ်ကြောင်း အီတလီမီဒီယာများက သုံးသပ်ရေးသားခဲ့ကြသည်။

ဒွန်နာရမ်မာသည် အေစီမီလန်အသင်းတွင် အသက် (၁၆) နှစ်အရွယ်မှစတင်ကာ ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်ပြီး၊ လက်ရှိအချိန်အထိ အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၅၁)ပွဲ ကစားပေးထားသူဖြစ်သည်။

ရိုင်အိုလာသည် ဒွန်နာရမ်မာအား PSG အသင်းသို့ပြောင်းရွှေ့ရန် စွမ်းဆောင်နိုင်ခဲ့ပါက အေးဂျင့်ကြေးအဖြစ် ယူရိုသန်း (၂၀)ခန့်အထိ ရရှိနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent