ရီးယဲလ်နှင့် ရာမို့စ်တို့ စာချုပ်သစ်သဘောတူညီမှုရရန် ကာဆီးလက်စ် မျှော်လင့်နေပြီး အားလုံးအတွက် ပျော်စရာဖြစ်လာမည်ဟုဆို

ရီးယဲလ်နှင့် ရာမို့စ်တို့ စာချုပ်သစ်သဘောတူညီမှုရရန် ကာဆီးလက်စ် မျှော်လင့်နေပြီး အားလုံးအတွက် ပျော်စရာဖြစ်လာမည်ဟုဆို
Photo: AS
Photo: AS
Published 14 June 2021

ရီးယဲလ်မက်ဒရစ်အသင်းနှင့် စပိန်လက်ရွေးစင်အသင်း၏ ဂန္ထဝင်ဂိုးသမားဟောင်းဖြစ်သူ ကာဆီးလက်စ်က လက်ရှိ ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်နှင့် အသင်းတို့အကြား စာချုပ်သစ်ကိစ္စမှာ သဘောတူညီမှုရရှိမည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။

အသက် (၃၅)နှစ်အရွယ်ရှိ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းမှာ ဇွန်လ (၃၀)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်သစ်ဆွေးနွေးမှုမှာ သဘောတူညီမှုမရသေးကြောင်း သိရသည်။

ရာမို့စ်သည် ရီးယဲလ်အသင်းတွင် ၂၀၀၅-၀၆ ရာသီမှစတင်ကာ လက်ရှိအချိန်အထိ (၁၆)ရာသီကြာ ကစားနေသူဖြစ်ပြီး ၂၀၁၅ ခုနှစ် ကာဆီးလက်စ်အသင်းမှ ထွက်ခွာသွားချိန်တွင် အသင်းခေါင်းဆောင်အဖြစ် စတင်တာဝန်ယူခဲ့သူ ဖြစ်သည်။

ကာဆီးလက်စ်က '' ဘောလုံးလောကရဲ့ ကောင်းမွန်မှုအတွက် သူတို့ (ရာမို့စ်နှင့် ရီးယဲလ်) စာချုပ်သစ် အမြန်ဆုံးသဘောတူညီမှုရဖို့ မျှော်လင့်ပါတယ်။ ဒီလိုသာ တကယ်ဖြစ်လာရင် အားလုံးအတွက် ပျော်စရာဖြစ်လာမှာပါ။ ရာမို့စ်ဟာ ထိပ်တန်းအဆင့် ကစားသမားတစ်ဦးဖြစ်ပြီး ရီးယဲလ်ဟာ သူနဲ့အလိုက်ဖက်ဆုံးနေရာပါပဲ'' ဟု ပြောကြားခဲ့သည်။

ရာမို့စ်နှင့် ရီးယဲလ်တို့၏ စာချုပ်သစ်ဆွေးနွေးမှုမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်သော်လည်း သဘောတူညီမှု မရခဲ့ခြင်းဖြစ်သည်။

ရာမို့စ်အားခေါ်ယူရန် PSG ၊ မန်ယူနှင့် မန်စီးတီးအသင်းများက စိတ်ဝင်စားနေကြသည်။

Most Read

Most Recent