တိုက်ပွဲရှောင်တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ အချိန်မီ ဝင်နိုင်ပါ့မလား

တိုက်ပွဲရှောင်တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ အချိန်မီ ဝင်နိုင်ပါ့မလား
Published 13 June 2021
ဌေးလှအောင်

ကနီမြို့နယ်အတွင်းမှ စစ်ပွဲရှောင်တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

(၁)

“လယ်ယာစိုက်ပျိုးဖို့ ထွန်ယက်တာတွေ မပြောနဲ့။ ကိုယ့်ရွာကိုယ် ပြန်မကပ်နိုင်ကြသေးဘူး။ အိုးပစ် အိမ်ပစ်၊ လယ်ပစ် ယာပစ် ထွက် ပြေးနေကြရတာ။ ဒါက အချိန်ဘယ်လောက် ကြာမယ်ဆိုတာ ဘယ်သူမှ သေချာမပြောနိုင် သေးဘူး။ အခု မိုးဦးက ကျလာပြီ။ စိုက်ပျိုး ရေးအတွက် ဘာမှမပြင်ဆင်နိုင်သေးဘူး”

တိုက်ပွဲဟူသည့်စကားကို ကြားသာကြား ဖူးခဲ့ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးခြင်းမရှိသည့် တောင်သူတစ်ဦးက လက်ရှိပစ္စက္ခကြုံတွေ့နေ ရသည့် တောင်သူများ၏ အခက်အခဲများကို ညည်းတွားပြောဆိုနေသည်။ ထိုဒေသသည် တောင်ပေါ်ဒေသတစ်ခုမဟုတ်၊ နယ်စပ်ဒေ သလည်းမဟုတ်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အခြေစိုက်ရာဒေသ လည်းမဟုတ်၊ ယုတ်စွအဆုံး တိုက်ပွဲမဆိုထား နှင့် ကျည်ဆန်တစ်တောင့်ပင် ယခင်က ကျ ရောက်ခဲ့ဖူးခြင်းမရှိသည့် နေရာဒေသ တစ်ခု ဖြစ်သည်။

ယခုတွင် ထိုဒေသ၌ တပ်မတော်နှင့် မကြာသေးမီကဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံတောင်သူများမှာ ၎င်းတို့၏ နေအိမ်များအပါအဝင် လယ်ယာ လုပ်ငန်းများကိုပါ စွန့်ခွာ၍ တိုက်ပွဲများနှင့် ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မိုးဦးကျလာပြီဖြစ်သဖြင့် တောင်သူများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိသေး ဘဲ တိုက်ပွဲနှင့်လွတ်ရာ တောတောင်များထဲ တွင် ပင်ပန်းဆင်းရဲစွာဖြင့် ပုန်းအောင်းနေ ထိုင်နေကြရသည်။

(၂)

ကနီမြို့နယ်အတွင်းမှ စစ်ပွဲရှောင်တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

မိုးဥတုကာလသို့ ရောက်ရှိ၍လာခဲ့ပြီဖြစ် သည်။ ယခုနှစ် မိုးဦးကာလသည် အညာဒေ သ၌ မိုးပုံမှန်ရွာသွန်းနေသဖြင့် ပုံမှန်အနေ အထားကာလဖြစ်ပါက တောင်သူတို့သည် မိုးသီးနှံများ စိုက်ပျိုးထွန်ယက်ရန်အတွက် ပြင်ဆင်နေကြသည့် အချိန်ကာလတစ်ခုလည်း ဖြစ်သည်။ မိုးစပါးကိုစိုက်ပျိုးကြမည့်တောင်သူများက မိုးစပါးစိုက်ပျိုးနိုင်ရန် စတင်ထွန်ယက်ပြင်ဆင်နေကြပြီဖြစ်သည်။ ယာသီးနှံ စိုက်ပျိုးကြမည့် တောင်သူများအနေဖြင့်လည်း မြေပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပြောင်း၊ နှမ်း အစရှိ သည့် မိုးသီးနှံများစိုက်ပျိုးရန် ထွန်ယက်ပြင် ဆင်နေကြသည့် အချိန်ကာလတစ်ခုဖြစ်သည်။ ယခုတွင် မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အညာဒေသမှ တောင်သူများသည် စိုက်ပျိုး ရေးကိုအဓိကအားထား၍ အသက်မွေးကာ လုပ်ကိုင်နေကြခြင်းဖြစ်သည်။ နှစ်စဉ် မိုးခေါင် မှုဒဏ်ကြောင့် ဆည်ရေဖြင့် စိုက်ပျိုးနိုင်သည့် ဒေသများမှအပ ကျန်မိုးကောင်းဒေသများ၌ သီးနှံများစိုက်ပျိုးနိုင်မှုမရှိခြင်း၊ စိုက်ပျိုးပြီး သီး နှံများ ထိခိုက်ပျက်စီးခြင်း၊ ပိုးမွှားများကျရောက် ဖျက်ဆီးခြင်း စသည့် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ခံစားနေကြရသည်မှာ နှစ်ကာလကြာမြင့်လာခဲ့ပြီဖြစ်သည်။ လက်ရှိ တွင် အညာဒေသရှိတောင်သူများမှာ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များအတွင်း မြေစာပင်များ သဖွယ်ဖြစ်နေကြရသည်။ ယခင်က ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၏ဒဏ်ကိုသာ တောင် သူများခံစားခဲ့ကြရသည်။ ယခုနှစ်တွင် ရာသီ ဥတုပြောင်းလဲ ဖောက်ပြန်မှုဒဏ်အပြင် နိုင်ငံ ရေးအပြောင်းအလဲဖြစ်စဉ်များနှင့်အတူ လက် နက်ကိုင်တိုက်ပွဲများက ကျေးရွာများအထိ ရောက်ရှိလာခဲ့ခြင်းကြောင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီ ဖြစ်သည်။

“တိုက်ပွဲနဲ့လွတ်ရာကို အဆင်ပြေသလို ရှောင်ပြေးလာရတာပဲ။ တစ်ခါမှလည်း အခုလို စစ်ဘေးဒဏ် မရှောင်ဖူးဘူး။ အခက်အခဲတွေ ကတော့ အများကြီးပေါ့။ တောထဲမှာနေရ တော့ အမိုးအကာက အစ စားရေးသောက်တာ အဆုံး အကုန်လုံးအခက်အခဲတွေရှိကြတာပဲ။ အခု မိုးကကျလာပြီဆိုတော့ တောထဲမှာ ကျန်း မာရေးကအစ အခက်အခဲတွေက အများကြီး ပဲ။ ရွာကိုလည်း မပြန်ရဲကြသေးဘူး” ဟု အညာ ဒေသမှ စစ်ဘေးရှောင် တောင်သူတစ်ဦးက ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ရင့်ဖွင့်စကားဆိုသည်။

ဒေသခံတောင်သူများ၏ ကျေးရွာများ အနီးတွင် တပ်မတော်နှင့် ဒေသတွင်းဖွဲ့စည်း ထားသည့် လက်နက်ကိုင်တို့အကြား တိုက်ပွဲ များက မတ်လခန့်မှစတင်ကာ ခပ်စိတ်စိတ် ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ နိုင်ငံရေးအပြောင်း အလဲ ဖြစ်ပေါ်လာခဲ့ပြီးနောက် ယခင်က မည်သည့်သေနတ်သံမျှမကြားဖူးခဲ့ရသည့်ဒေသ၌ သေနတ်ပစ်ခတ်သံများနှင့်အတူ ယမ်းငွေ့တို့ ဝေလျက်ရှိသည်။

ကနီမြို့နယ်အတွင်းမှ စစ်ပွဲရှောင်တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

(၃)

နိုင်ငံအတွင်း၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ လမှစတင်၍ လက်ရှိ နစကအစိုးရက နိုင်ငံတော်အား အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့ပြီးနောက် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့မှုနှင့်အတူ လက်နက်ကိုင် အဖွဲ့အသစ်များလည်း ဒေသ အလိုက်ပေါ်ထွက်လာခဲ့သည်။ ထိုသို့ ပေါ် ထွက်လာခဲ့သည့် လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား နေရာဒေသအချို့၌ တိုက်ပွဲများက မကြာခဏဆိုသလိုပင် ဖြစ် ပွားလျက်ရှိသည်။ ထိုကဲ့သို့ တိုက်ပွဲများကြောင့် အနီးရှိဒေသခံများမှာ နေရပ်စွန့်ခွာထွက် ပြေးနေကြရသည်။ ဒေသခံများနေထိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများသို့ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးမှု များပြုလုပ်ခြင်း စသည့် ဖြစ်စဉ်များကြောင့် ဒေသခံများမှာ စိုုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ် ကာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းလည်း စုံစမ်းသိရှိ ရသည်။

ထိုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များနှင့်အတူ မြေပြင်တိုက်ပွဲများပါ ဖြစ် ပေါ်လာနေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ တောင်သူများမှာ နေရပ်စွန့်ခွာတိမ်း ရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းခွင်ကို လုပ်ကိုင်နိုင်ခြင်းမရှိသေးပေ။ တိုက်ပွဲဖြစ်ပွား ခြင်းမရှိသည့် ဒေသအချို့မှတောင်သူများသာ လယ်ယာလုပ်ငန်းခွင်ကို ပြင်ဆင်လုပ်ကိုင် နိုင်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ရပ် ရွာလုံခြုံရေးအခြေအနေများအရ လယ်ယာ လုပ်ငန်းခွင် လုပ်ကိုင်နိုင်မှုမရှိသေးသည့် တောင်သူများလည်း ရှိနေကြောင်း စုံစမ်းသိ ရှိရသည်။

“ကျွန်တော်တို့ဒေသက တိုက်ပွဲဖြစ်ပွား တာတော့ မရှိသေးပါဘူး။ ဘယ်အချိန် ထ,ဖြစ် မယ် ဆိုတာလည်း ဘယ်သူမှမသိကြသေးဘူး။ ဒါပေမဲ့ ရွာတွေထဲကို တပ်မတော်နဲ့ရဲတပ်ဖွဲ့ ဝင်တွေက ဝင်ရောက်ရှာဖွေဖမ်းဆီးတာ၊ သေ နတ်ပစ်ဖောက်တာ အဲဒီလိုတွေ မကြာခဏ ဖြစ်နေတော့ ဒေသခံတွေက စိုးရိမ်ကြောက် လန့်ပြီး ရွာထဲမှာမနေရဲကြတော့ဘူး။ မကြာ ခဏ ထွက်ပြေးပုန်းရှောင်နေကြရတာ။ အခြေ အနေ ငြိမ်သွားရင် ရွာထဲပြန်ဝင်နေလိုက်၊ သူ တို့လာတယ်ဆိုတဲ့အသံကြားရင် လွတ်ရာပြေး ပုန်းလိုက်နဲ့ပေါ့။ မိုးစပါးစိုက်ဖို့ကတော့ လို သေးတယ်ဆိုပေမဲ့ မိုးစပါးစိုက်ပျိုးဖို့ ပျိုးထောင် ဖို့အတွက် ထွန်ယက်တာတွေ လုပ်ရတော့မယ်။ အခုအချိန်က အခြေအနေတွေ စိုးရိမ်နေရ တော့ တောင်သူအနည်းငယ်ကလွဲလို့ အများ စုက လယ်ယာလုပ်ငန်းကို ဘာမှမလုပ်မကိုင် နိုင်ကြသေးဘူး”ဟု ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အတွင်းမှ တောင်သူတစ်ဦးက ၎င်းတို့ဒေသ အခြေအနေကို ရှင်းပြသည်။

ထိုသို့ ကျေးရွာများသို့ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက်ရှာဖွေမှုများပြုလုပ်ရာတွင် ဒေသခံများ၏ ပစ္စည်းများ ဖျက်ဆီးခံရ ခြင်း၊ စားသောက်ကုန်ပစ္စည်းနှင့် အခြားအဖိုး တန်ပစ္စည်းများအား ယူဆောင်သွားခြင်းခံရ သည်ဟု ဒေသခံများက ပြောဆိုမှုများရှိနေ ကြသည်။ ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများ၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းများမရှိဘဲ ထိုကဲ့သို့ရှိခဲ့ပါက သက်သေအထောက်အထားနှင့် တင်ပြတိုင် ကြားနိုင်ကြောင်း နစကဘက်က သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ရှင်းလင်းပြောကြားထား သည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် တိုက်ပွဲရှောင်တောင်သူ များနှင့် ရပ်ရွာလုံခြုံရေးအခြေအနေများအရ စိုးရိမ်နေကြရသည့် တောင်သူများမှာ လယ် ယာလုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ခြင်းမရှိသေး ဘဲ နီးစပ်ရာဒေသများနှင့် တောတောင်များအတွင်းသို့ ပုန်းအောင်းတိမ်းရှောင်နေကြရဆဲဖြစ်သည်။ ထို့ပြင် ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲ ယင်း၊ တန့်ဆည် စသည့်မြို့နယ်များတွင်လည်း ဒေသတွင်းဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့သစ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှုများရှိနေခြင်းကြောင့် ဒေသခံများ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။

(၄)

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအချို့တို့ ၌ ဒေသတွင်း ဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့သစ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများက မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေသည်။ ထိုဒေသများမှာ မိုးနည်း ရပ်ဝန်းဒေသများဖြစ်ကာ စိုက်ပျိုးရေးကို အဓိကအားထားနေရသည့် ဒေသများလည်း ဖြစ်သည်။ လက်ရှိတွင် မိုးဦးကာလသို့ရောက် ရှိလာပြီဖြစ်ပြီး မိုးသီးနှံများစိုက်ပျိုးထွန်ယက် ကြရမည့် အချိန်ကာလလည်းဖြစ်သည်။ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုနှင့် တောင်သူများ ၏ လူမှုစီးပွားဘဝဖူလုံရေးအတွက် အရေးပါ သည့် စိုက်ပျိုးရေးလုပ်ငန်းအများစုအား လက် လွှတ်ထားရသဖြင့် ဒေသတွင်းထိခိုက်နစ်နာမှုများစွာဖြင့်ပါ ကြုံတွေ့နေကြရသည်။ ထိုကဲ့ သို့ စိုက်ပျိုးရေးလုပ်ငန်းများ များစွာထိခိုက် လာပါက နိုင်ငံတွင်း စားနပ်ရိက္ခာများအထိပါ  ထိခိုက်လာနိုင်ပြီး ကုန်စျေးနှုန်းမြင့်တက်မှုက ပါ နောက်မှထက်ကြပ်မကွာ လိုက်ပါလာမည် မှာလည်း အမှန်ပင်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စပါးအပါ အဝင်သီးနှံမျိုးစုံ စုစုပေါင်း စိုက်ပျိုးနိုင်မှု ဧကပေါင်း ၄ ဒသမ ၆ သန်းကျော်ရှိပြီး နှစ်စဉ် မိုးစပါးစိုက်ဧက ၁၈ သိန်းကျော်စိုက်ပျိုးပြီး အခြားမိုးသီးနှံများကို ဧက သုံးသန်းကျော်ခန့် စိုက်ပျိုးကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

“ကျွန်မတို့ဒေသက တိုက်ပွဲဖြစ်နေတာ ကြာပြီ။ ကျေးရွာအတော်များများလည်း ထွက် ပြေးတိမ်းရှောင်နေကြရတာ။ ရွာမှာလည်း မလုံခြုံတော့ မပြန်ရဲကြသေးဘူး။ အခုက မိုး တွင်းရောက်လာတော့ အမိုးအကာနဲ့ အစား အသောက်က အဓိကပေါ့။ တိုက်ပွဲရှောင်နေ ရတာ ရက်လကြာလာမယ်ဆိုရင် ပိုပြီးတော့ အခက်အခဲတွေဖြစ်ကြတော့မှာ။ တိုက်ပွဲ ရှောင်နေတဲ့အထဲမှာ မွေးကင်းစကလေးငယ် တွေ သက်ကြီးရွယ်အိုတွေလည်းပါနေတော့ ကျန်းမာရေး အခက်အခဲတွေလည်းရှိတယ်။ လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေကိုတော့  နီးစပ်ရာဒေသတွေက ကူညီပ့ံပိုးပေးကြတာတွေလည်းရှိပါတယ်။ တိုက်ပွဲရှောင်လာရတာ ကြာလာမယ်ဆိုရင်တော့ ပိုပြီးအခက်အခဲ တွေဖြစ်လာတော့မှာ။ အကူအညီ အထောက် အပ့ံတွေလည်း ပိုလိုအပ်လာမှာပါ” ဟု ကနီမြို့ နယ်အတွင်းမှ စစ်ဘေးရှောင်ဒေသခံတစ်ဦးက ဆိုသည်။

“တိုက်ပွဲက မကြာခဏဆိုသလို ဖြစ်နေ တာ။ စိုက်ရေးပျိုးရေးလုပ်ငန်းကတော့ အများ စုက ဘာမှမလုပ်ကိုင်နိုင်ကြသေးဘူး။ အသက် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရ တာ။ အချို့ တည်ငြိမ်တဲ့ကျေးရွာတွေကတော့ စိုက်ပျိုးရေးလုပ်ငန်းလုပ်နိုင်ကြတယ်။ ကျေး ရွာအများစုကတော့ မိုးသီးနှံအတွက် ဘာမှ မပြင်ဆင်ရသေးဘူး။ တိုက်ပွဲရှောင်ရင်း မယူ နိုင်လို့ထားခဲ့ရတဲ့ အိမ်က ကျွဲနွားတွေကိုလည်း ပြန်ကြည့်ဖို့ အခက်အခဲတွေရှိတယ်။ ယူလာ ရင်လည်း သူတို့အတွက် အစားအစာ အခက် အခဲတွေရှိသေးတယ်။ တောထဲမှာလည်း တိုက်ပွဲရှောင်နေကြရတဲ့ တောင်သူတွေ အခက်အခဲတွေအများကြီး ဖြစ်နေကြတယ်” ဟု ကနီမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ကနီမြို့နယ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်း၌ တည်ရှိပြီး ကနီမြို့ ၏ အရှေ့ဘက်တွင် ချင်းတွင်းမြစ်က ဖြတ် သန်းစီးဆင်းလျက်ရှိသည်။ အခြားထင်ရှား သည့်အရာမှာ ဘာသာရေး အထိမ်းအမှတ် အဖြစ် အလောင်းတော်ကဿပတည်ရှိရာ ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခုလည်း ဖြစ်သည်။

ထိုဒေသတွင် လက်ရှိအခြေအနေ၌ ဒေသတွင်းဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် တပ်မတော်တို့အကြား ချင်း တွင်းမြစ်ကြောင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း၊ မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းတို့ ခပ် စိတ်စိတ် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။ ကနီမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ပြည်သူဦးရေမှာ ၃၀၀၀ အထက်ရှိကြောင်း ဒေသခံများ၏ စာရင်းများ အရ သိရသည်။ ထိုကဲ့သို့ နှစ်ဖက်တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာများရရှိခြင်းနှင့် အသက်ဆုံးရှုံးမှုများလည်း ရှိကြောင်း ဒေသခံ များက ဆိုသည်။

တိုက်ပွဲနဲ့လွတ်ရာကို အဆင်ပြေသလို ရှောင်ပြေးလာရတာပဲ။ တစ်ခါမှလည်း အခုလို စစ်ဘေးဒဏ် မရှောင်ဖူးဘူး။ အခက်အခဲတွေကတော့ အများကြီးပေါ့။ တောထဲမှာနေရတော့ အမိုးအကာကအစ စားရေးသောက်တာအဆုံး အကုန်လုံး အခက်အခဲတွေရှိကြတာပဲ။ အခု မိုးကကျလာပြီဆိုတော့ တောထဲမှာ ကျန်းမာရေးကအစ အခက်အခဲတွေကအများကြီးပဲ။ ရွာကိုလည်း မပြန်ရဲကြသေးဘူး ...

(၅)

မြန်မာနိုင်ငံ၏စီးပွားရေးမှာ အခြားသော ကဏ္ဍများစွာရှိသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကအခြေခံအားထား ပြုနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာကျေး လက်ဒေသတွင ်အများဆုံး နေထိုင်ကြပြီး လယ်ယာ စိုက်ပျိုးရေးကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကဏ္ဍအသီးသီးမှထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်တွင်းစား သုံးမှုပမာဏ၊ အရန်သိုလှောင်ထားရှိမှုမှအပ ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက် ရှိသည်။ ထိုသို့ ပြည်တွင်းစားသုံးမှု၊ အရန်သို လှောင်ထားရှိမှုအပါအဝင် ပြည်တွင်းစားနပ် ရိက္ခာဖူလုံမှုရှိရန်အတွက် လယ်ယာစိုက်ပျိုး ရေးကဏ္ဍကို အဓိက မှီခိုနေရခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ နှင့် ပြည်ပပို့ကုန်၏ ပို့ကုန်ဝင်ငွေ ၂၅ ရာ ခိုင်နှုန်းကို ရှာဖွေပေးလျက်ရှိသဖြင့် စိုက်ပျိုး ရေးကဏ္ဍသည် နိုင်ငံ၏ အဓိကအရေးပါသော အခန်းကဏ္ဍ၌ တည်ရှိနေသည်ကို ပြသလျက် ရှိသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏အရေးပါသော နေရာတွင် ရပ်တည် လျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲဖောက် ပြန်မှုများဖြစ်သည့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ပိုးမွှားကျရောက်ဖျက်ဆီးခြင်း စသည်တို့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့်လည်း စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်မှုများဖြစ်ပေါ်စေသည်။

ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု ကြောင့်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ် များကြောင့်ဖြစ်စေ စိုက်ပျိုးရေးကဏ္ဍအား ထိခိုက်ပါက စိုက်ပျိုးရေးအပေါ်မှီခိုနေရသည့် နိုင်ငံ၏အကျိုးစီးပွားပါ ထိခိုက်လာမည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းကြောင့် ဒေသတွင်း စားနပ်ရိက္ခာနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံ မှုတို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတို့မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်က အညာဒေသတွင် မိုးခေါင်မှုကြောင့် ဆည်ရေရရှိဒေသများမှ တောင်သူများသာ မိုးစပါးစိုက်ပျိုးနိုင်ခဲ့ကြပြီး မိုးကောင်းသောက်ဒေသများရှိ တောင်သူများ မှာ မိုးစပါးစိုက်ပျိုးနိုင်ခဲ့ခြင်းမရှိဘဲ အနည်းစု သာ စက်ရေတင်စနစ်ဖြင့် စရိတ်ကြီးစွာ စိုက် ပျိုးခဲ့ရသည်။ မိုးခေါင်မှုဒဏ်ကြောင့် မိုးစပါး နှင့် မိုးသီးနှံအထွက်နှုန်းလည်း လျော့ကျခဲ့ရ သည်။ မိုးခေါင်မှုအကျိုးဆက်အဖြစ် ဆည်ရေ လျော့ကျသွားခြင်းကြေင့် နွေစပါးစိုက်ပျိုးနိုင် မှုလည်း မရှိခဲ့ပေ။ ထိုသည်ကား လွန်ခဲ့သော နှစ်က ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၏ ဒဏ်သာဖြစ်ပြီး ယခုနှစ်တွင်မူ...။

(၆)

မိုးဥတုကာလသို့ ရောက်ရှိ၍ လာခဲ့ပြီ ဖြစ်သည်။ အနောက်တောင်မုတ်သုံလေသည် ယခု ဇွန်လပထမပတ်အတွင်းမှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်လာခဲ့ ပြီဖြစ်သည်။ မုတ်သုံဝင်ရောက်လာသည်နှင့် နိုင်ငံတစ်ဝန်း ဒေသအလိုက် မိုးရွာသွန်းမှုများ လည်း ရှိနေပြီဖြစ်သည်။ မုတ်သုံမိုးကြောင့် နေ့အပူချိန်များလည်း တဖြည်းဖြည်း လျော့ကျ လာခဲ့ပြီလည်းဖြစ်သည်။ ရာသီစက်ဝန်းသည် ပုံမှန်အတိုင်းပင် လည်ပတ်လျက်ရှိသည်။ ထို သို့  ဥတုရာသီ၏စက်ဝန်းသည် ပုံမှန်အတိုင်း ရောက်ရှိလာခဲ့သော်လည်း စိုက်ပျိုးရန်ပြင်ဆင် နေကြသည့် တောင်သူများ၏ ပစ္စက္ခအခြေ အနေများသည် ပုံမှန်မဟုတ်သည့် အခြေ အနေတစ်ရပ်ကို ကြုံတွေ့နေကြရသည်။

နိုင်ငံရေးအပြောင်းအလဲတစ်ရပ်အောက် တွင် နိုင်ငံ၏နေရာဒေသအချို့တွင် ယမ်းငွေ့ တွေက ဝေနေဆဲ ဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စသည့် တိုင်းရင်းသားတို့၏ ဌာနေတို့တွင် တိုက်ပွဲတို့ဖြစ်ပွားနေသည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တိုက်ပွဲများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချင်းချင်းတိုက်ပွဲများ၊ လက် နက်ကိုင်အဖွဲ့သစ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ တိုက်ပွဲများက နေရာအတော်များများ၌ ဖြစ်ပွားနေသည်။ ယခင်က တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ကာလအတော်ကြာ ငြိမ်သက်နေခဲ့သည့် တိုင်းရင်းသားဒေသများ၌ပါ တိုက်ပွဲများက ခပ်စိတ်စိတ်ဖြစ်ပွားလာသည်။ ဒေသခံတိုင်း ရင်းသားပြည်သူများ နေရပ်စွန့်ခွာ၍ ထွက် ပြေးနေကြရသည်။ စိုက်ပျိုးရာသီချိန်ဖြစ်သော် လည်း တောင်ယာတို့ကိုပစ်၍ စစ်ဘေးရှောင် စခန်းများသို့ သွားရောက်နေထိုင်နေကြ ရသည်။ ဒေသခံတိုင်းရင်းသားတို့ အခက် အခဲမျိုးစုံဖြင့် ကြုံတွေ့နေကြရသည်။ သူတို့၏ အိမ်ပြန်ချိန်သည် တွက်ဆ၍မရသေးသော ပုစ္ဆာတစ်ပုဒ်လိုပင် အဖြေကားမရှိသေးချေ။

နိုင်ငံအတွင်း နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်နှင့် အတူ ပေါ်ပေါက်လာခဲ့သည့် တိုက်ပွဲများမှာ နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတို့တွင် သာမကဘဲ သေနတ်သံတိတ်ဆိတ်နေသော မြေပြန့်ဒေသများ၌ပါ တိုက်ပွဲတို့က မကြာခဏ ဖြစ်ပွား၍လာခဲ့သည်။ မြူခိုးများအကြား ယမ်းငွေ့တို့က နေရာယူလာကြသည်။ တိုက် ပွဲနှင့်ကြုံတွေ့ဖူးခြင်းမရှိသည့် မြေပြန့်ဒေသနေ ပြည်သူများမှာ စစ်ဘေးရှောင်စခန်းကဲ့သို့ စခန်းများ အတည်တကျမရှိဘဲ တောတောင် များထဲ၌ အခက်အခဲများစွာဖြင့် နေထိုင်နေ ကြရသည်။ နေအိမ်များ၊ လယ်ယာများကို စွန့် ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မိုးသီးနှံစိုက်ပျိုးချိန်ဖြစ်သော်လည်း ကျွဲ၊ နွားတို့အပေါ် ထွန်တုံးတပ်ဆင်၍ လယ်ယာ စိုက်ပျိုးမှုအလုပ်တို့ကို မပြုလုပ်နိုင်ကြသေး ပေ။ ယခင်က တောင်သူတို့ မျှော်မှန်းထားသည့် မိုးရာသီအိပ်မက်တို့က ဝေ၀ါးပျောက်ကွယ်နေ ဆဲဖြစ်သည်။

တိုက်ပွဲတို့နှင့်ကြုံတွေ့နေကြရသည့် တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသားပြည် သူများသည် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်း ရှောင်နေကြရဆဲဖြစ်သည်။ နှစ် ၇၀ နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သည့် ပြည်တွင်းလက် နက်ကိုင် ပဋိပက္ခတို့သည် ငြိမ်သက်နိုင်ခြင်း မရှိသေးဘဲ စစ်ပွဲဧရိယာများက ယခင်ထက်ပိုမို ကျယ်ပြန့်လာနေကာ နေရာအနှံ့  ပြန့်ကျဲဖြစ် ပွားနေဆဲဖြစ်သည်။ စစ်ဘေးရှောင်ပြည်သူ များမှာလည်း တိုးပွားလာသည့် တိုက်ပွဲများနှင့် အတူ ပိုမိုများပြားလာလျက်ရှိသည်။ မပြီးဆုံး သေးသော တိုက်ပွဲများနှင့်အတူ တိုက်ပွဲရှောင် ပြည်သူများ၏ဘဝများသည်လည်း မရေရာမှု များစွာဖြင့် အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများ၏ အိမ်ပြန်ချင်သည့်အိပ်မက်များမှာ အဖြေမရှိ သေးသော ပုစ္ဆာတစ်ပုဒ်လိုပင်။ တိုက်ပွဲရှောင် နေကြရသည့် တောင်သူများ၏ မိုးရာသီစိုက် ပျိုးရေးအိပ်မက်သည်လည်း မိုးသည်းထဲတွင် မှုန်ဝါးပျောက်ကွယ်၍ နေဆဲဖြစ်သည်။