လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော် လျော့ကျ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-MOEE)
Published 9 June 2021

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ တစ်ဘီလျံကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၃၈၉ ဘီလျံသာ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၄၀၆ ဘီလျံရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ သဘာဓာတ်ငွေ့တင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၀၁၇ ဘီလျံလျော့ကျခဲ့သည်။

ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော်ဖြင့် အများဆုံးတင်ပို့ထားကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိ ရရှိထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း) ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း) ရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၄၄၅ ဘီလျံ (ဒေါ်လာ ၃၄၄၅ ဒသမ ၁၀ သန်း) ရရှိခဲ့သည်။

နှစ်အလိုက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၀၀၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၆၇၅၈၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၂၇၀၀၇ သန်းနှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၃၆၂ သန်း ထုတ်လုပ်ထားနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် မေ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သတ်ပြီး ရှင်းလင်းပြောချက်များကို မေ ၁၀ ရက်ထုတ်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက် လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာခဲ့ကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent