■ ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ပေးဂိုးအများဆုံးအသင်းသုံးသင်း၌ မြန်မာအသင်း ပါဝင်နေ

■ ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ပေးဂိုးအများဆုံးအသင်းသုံးသင်း၌ မြန်မာအသင်း ပါဝင်နေ
Photos: MFF
Photos: MFF
Published 1 June 2021

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့်၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂိုးအများဆုံးပေးထားရသည့်အသင်း သုံးသင်းစာရင်း၌ ပါဝင်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မေ ၂၈ ရက်က ကစားခဲ့သည့် ဂျပန်အသင်းနှင့်ပွဲတွင် သမိုင်းတစ်လျှောက် စံချိန်တင်ဂိုးအပြတ်ဆုံးရှုံးနိမ့်မှုအဖြစ် ၁၀ ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ 

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် သွင်းဂိုးငါးဂိုး၊ ပေးဂိုး ၂၃ ဂိုးဖြင့် ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်နေသည့်အသင်းများအနက် ပေးဂိုးအများဆုံး သုံးသင်းစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုတွင်း၌ ခြောက်ပွဲကစား၊ နှစ်ပွဲနိုင်၊ လေးပွဲရှုံး၊ ရမှတ်ခြောက်မှှတ် ရရှိထားပြီး အဆင့် ၄ နေရာ ရပ်တည်နေသည်။ 

မြန်မာအသင်းသည် ဂျပန်အသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ထားသလို ကာဂျစ္စတန်နှင့် မွန်ဂိုလီးယားအသင်းတို့ကိုလည်း တစ်ပွဲစီ ရှုံးနိမ့်ထားသည်။

 မြန်မာအသင်းထက် ဂိုးပိုပေးထားရသည့် အသင်းနှစ်သင်းမှာ တရုတ် (တိုင်ပေ)နှင့် မွန်ဂိုလီးယားအသင်းတို့ဖြစ်ပြီး တရုတ်(တိုင်ပေ) အသင်းက သွင်းဂိုးနှစ်ဂိုး၊ ပေးဂိုး ၂၅ ဂိုး၊ မွန်ဂိုလီးယားအသင်းက သွင်း ဂိုးနှစ်ဂိုး၊ ပေးဂိုး ၂၇ ဂိုး ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent