ဟာရီကိန်း၏ပြောင်းရွှေ့ကြေးအတွက် စပါးအသင်း ပေါင်သန်း ၁၅၀ သတ်မှတ်ခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီး၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းများ ခေါ်ယူရန်ရေပန်းစား

ဟာရီကိန်း၏ပြောင်းရွှေ့ကြေးအတွက် စပါးအသင်း ပေါင်သန်း ၁၅၀ သတ်မှတ်ခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီး၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းများ ခေါ်ယူရန်ရေပန်းစား
Photo: Getty Images
Photo: Getty Images
Published 19 May 2021

 

နွေရာသီအပြောင်းအရွှေ့ကာလတွင် စပါးအသင်းမှ ထွက်ခွာရန်နီးစပ်နေသည်ဟု သတင်းများထွက်ပေါ်နေသည့် တိုက်စစ်မှူး ဟာရီကိန်း၏ပြောင်းရွှေ့ကြေးအတွက် စပါးအသင်းဥက္ကဋ္ဌ လီဗီက ပေါင် သန်း ၁၅၀ သတ်မှတ်ထားကြောင်း သိရသည်။

ဟာရီကိန်းသည် စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ဆုဖလားအောင်ပွဲ ရယူလိုသည့်အတွက် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး ကမ်းလှမ်းမှုများရှိလာပါက လက်ခံစဉ်းစားပေးရန် ပြီးခဲ့သည့်လပိုင်းအတွင်းက အသင်းတာဝန်ရှိသူများထံ တောင်းဆိုခဲ့သည်။ 

ယခုအခါ ဟာရီကိန်းက လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာလိုကြောင်းနှင့် အသင်းပြောင်းရွှေ့ခွင့်ပြု၊ မပြုနှင့်ပတ်သက်၍ ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်မီ ရှင်းလင်းသည့် အဖြေပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် စပါးအသင်းကလည်း တိုက်စစ်မှူးသစ် ရှာဖွေရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

စပါးအသင်းအနေဖြင့် ဟာရီကိန်းကို သင့်လျော်သည့်ကမ်းလှမ်းမှုရရှိလျှင် ရောင်းချရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း အသင်း ဥက္ကဋ္ဌဖြစ်သူ လီဗီ ကမူ ပရီးမီးယားလိဂ်ပြိုင် ဘက်အသင်းတစ်သင်းသို့ ရောင်းချသွားရန် ဆန္ဒမရှိဟု သတင်းများက ဖော်ပြခဲ့သည်။  

ဗြိတိန်လောင်းကစားကုမ္ပဏီများတွင် ဖွင့်လှစ်ထားသည့် ဟာရီကိန်း ရောက်ရှိနိုင်သည့်  အသင်းသစ် အလေးပေးချက်တွင် လီဗီ ၏ဆန္ဒနှင့် ဆန့်ကျင်စွာပင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်စီးတီး၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းများက ထိပ်ဆုံး၌ရှိနေကြောင်းသိရသည်။ 

လက်ရှိတွင် ယင်းသုံးသင်းစလုံးမှာ No.9 Role ကစားနိုင်သော တိုက်စစ်မှူးစစ်စစ် လိုအပ်နေသည့်အသင်းများလည်းဖြစ်သည်။ အလေးပေးချက်တွင် မန်စီးတီးအသင်းက ၂း၁ လေး၊ မန်ယူအသင်းက ရး၂ လေး၊ ချယ်လ်ဆီးအသင်းက ၁ဝး၁ လေး၊ PSG အသင်းက ၁၂း၁ လေး၊ ရီးယဲလ်မက်ဒရစ်အသင်းက ၂ဝး၁ လေး၊ ဘာစီလိုနာအသင်းက ၂၅း၁ လေး၊ ဂျူဗင်တပ်စ်အသင်းက ၃၃း၁ လေး၊ လီဗာပူးလ်အသင်းက ၄ဝး၁ လေးဖြင့် အသီးသီးရှိနေကြသည်။ 

အသက် ၂၇ နှစ်အရွယ်ရှိ ဟာရီကိန်းသည် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၃၃၄ ပွဲတွင် ၂၂၀ ဂိုး အထိ သွင်းယူထားသော်လည်း ကစားသမားဘဝတွင် ဆုဖလားလက်မဲ့ဖြစ်နေဆဲဖြစ်သည်။

၎င်းသည် ယခုရာသီတွင်လည်း သွင်းဂိုး ၂၂ ဂိုး၊ ဂိုးဖန်တီးမှု ၁၃ ဂိုးရှိကာ လီဝန်ဒေါစကီး (၄၇ ကြိမ်)၊ မက်ဆီ(၃၉ ကြိမ်)ပြီးလျှင် ဂိုးပါဝင်ပတ်သက်မှုအမြင့်ဆုံးဖြစ်နေသည်။ ဟာရီကိန်း၏လက်ရှိစာချုပ်မှာ  ၂၀၁၈ ကမ္ဘာ့ဖလား မတိုင်မီက ချုပ်ဆိုထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိနေသည်။ 

Most Read

Most Recent