ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းလူစာရင်းမှ လီဗာပူးလ်နောက်ခံလူ အာနိုးလ် ချန်လှပ်ခံရဖွယ်ရှိ

ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းလူစာရင်းမှ လီဗာပူးလ်နောက်ခံလူ အာနိုးလ် ချန်လှပ်ခံရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 19 May 2021

 

လီဗာပူးလ်အသင်း၏နောက်ခံလူ အာနိုးလ်သည် ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့်  အင်္ဂလန်လက်ရွေးစင်အသင်း၏ လူစာရင်းမှ ချန်လှပ်ခံရဖွယ်ရှိနေကြောင်း သိရသည်။ 

အာနိုးလ်သည် လက်ရှိရာသီတွင် လီဗာပူးလ်အသင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အပြင် နေရာတူပြိုင်ဘက်များဖြစ်သည့် ဝေါ်လ်ကာ၊ ထရစ်ပီယာ၊ ရီးစ်ဂျိမ်းစ်တို့က ခြေစွမ်းပြနေကြသည့်အတွက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ၎င်းကို ချန်လှပ်ဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ဆောက်ဂိတ်သည် ပြီးခဲ့သည့် မတ်လအတွင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရာတွင်လည်း အာနိုးလ်ကို ရွေးချယ်ခြင်းမပြုဘဲ ချန်လှပ်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent