မိုနာကို - PSG (မြန်မာစံတော်ချိန် မေလ ၂၀ ရက် နံနက် ၁:၄၅ နာရီ)
PSG အသင်းမှာ ကင်ပမ်ဘေ၊ ဗာရက်တီတို့ ဒဏ်ရာပြဿနာရှိနေတဲ့ကွက်လပ်ကို အစားထိုးဖို့လွယ်ပေမဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗိုလ်လုပွဲလွဲချော်ရဖို့များတဲ့ နေမာ မပါဝင်နိုင်ရင်တော့ တိုက်စစ်က အားနည်းသွားနိုင်တယ်။ မိုနာကိုကတော့ အခုနှစ်အတွင်းမှာ ရလဒ်ပိုင်းအတော်တည်ငြိမ်တဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံး(၂၆)ပွဲမှာလည်း (၂)ပွဲသာ အရေးနိမ့်ထား တဲ့အသင်းပါ။ မိုနာကိုက လတ်တလောစိတ်ဓာတ်ပိုင်းပိုမြင့်နေပေမဲ့ PSG အတွက် နောက်ဆုံးဖလားမျှော်လင့်ချက်ဖြစ်နေတာ ထည့်တွက်ရမယ်။ PSG ပဲ ဗိုလ်စွဲဖို့များတယ်။















