မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်နေရသည့် မိသားစုဝင်များကို လေးပြင်လေးရပ်မှ သံဃာတော်များက ယနေ့ (မေ ၁ ရက်) ၌ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်များက ချမ်းမြသာသည်မြို့နယ်အတွင်းရှိ ကျူးကျော်ရပ်ကွက်တွင်နေထိုင်နေရပြီး စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေသည့် မိသားစုများကို အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်များက ကျူးကျော်ရပ်ကွက်အတွင်းနေထိုင်နေရသူများ၊ စားဝတ်နေရေးအခက်အခဲရှိနေသူများ မီးဘေးသင့ ်ပြည်သူများ အစရှိသဖြင့် အခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများကို အခြေခံစားသောက်ကုန်များကို ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဘာသာပေါင်းစုံအဖွဲ့အစည်းများနှင့်လည်း စုပေါင်း၍ အခြေခံစားသောက်ကုန်များ လှူဒါန်းထောက်ပံ့လျက်ရှိသည်။















