အာဆင်နယ်အား ဝယ်ယူမည့် ဒန်နီယဲလ်အက်ခ်ကို အွန်နရီ၊ ဗီယာရာနှင့် ဘားကမ့်တို့ ကူညီမည်     

အာဆင်နယ်အား ဝယ်ယူမည့် ဒန်နီယဲလ်အက်ခ်ကို အွန်နရီ၊ ဗီယာရာနှင့် ဘားကမ့်တို့ ကူညီမည်     
Photos: Getty Images
Photos: Getty Images
Published 27 April 2021

အာဆင်နယ်အသင်းအား ဝယ်ယူရန် စီစဉ်နေသည့် ဆွီဒင်စီးပွားရေးလုပ်ငန်းရှင် ဒန်နီယဲလ်အက်ခ်ကို အာဆင်နယ်ကစားသမားဟောင်းများဖြစ်သည့် အွန်နရီ၊ ဗီယာရာနှင့် ဘားကမ့်တို့က ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ အသင်းပိုင်ရှင် ကရွန်ကီ၏ သားဖြစ်သူက အာဆင်နယ်အသင်းကို ရောင်းချမည်မဟုတ်ဟု ပြောကြားခဲ့သော်လည်း ကရွန် ကီကမူ ပေါင်(၂)ဘီလီယံဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ပါက လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ထားသည်။ 

အာဆင်နယ်ကစားသမားဟောင်း (၃)ဦးသည် ကရွန်ကီလက်ထက် အာဆင်နယ်အသင်း၏ ကျရှုံးမှုများအပေါ် အလိုမကျဖြစ်နေသည့်အတွက် ဒန်နီယဲလ်အက်ခ်ကို ကူညီပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အွန်နရီသည် စူပါလိဂ်နှင့်ပတ်သက်၍ အာဆင်နယ်အသင်းပိုင်ရှင် ကရွန်ကီအား ပရိသတ်များ၏ ဆန္ဒပြုမှုကို ထောက်ခံခဲ့သူလည်းဖြစ်သည်။

ဒန်နီယဲလ်အက်ခ်သည် ဆွီဒင်အခြေစိုက်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Spotify ကို တည်ထောင်သူဖြစ်ပြီး ဒေါ်လာ (၄.၅)ဘီလီယံ ကြွယ်ဝမည်ဟု သတင်းများက ဖော်ပြနေကြသည်။ 

Most Read

Most Recent