မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲတွင် ဘာပေ ပါဝင်နိုင်မည်ဟု PSG အသင်း အတွင်းလူ ပြောကြား

မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲတွင် ဘာပေ ပါဝင်နိုင်မည်ဟု PSG အသင်း အတွင်းလူ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 27 April 2021

PSG  အသင်း၏ တိုက်စစ်မှူး ဘာပေသည် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း PSG  အသင်း၏ အတွင်းလူတစ်ဦးက ပြောကြားခဲ့သည်ဟု L'Équipe သတင်းစာက ဖော်ပြခဲ့သည်။ 

ဘာပေသည် မက်ဇ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်လီဂူးပွဲတွင် (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း ပေါင်ခြံဒဏ်ရာ ရရှိခဲ့သည့်အတွက် မန်စီးတီးနှင့်ပွဲကိုလွဲချော်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ 

PSG အသင်းနည်းပြ ပိုချက်တီနို ကလည်း ဘာပေ၏ ဒဏ်ရာပြင်းထန်ခြင်းမရှိစေရန် မျှော်လင့်ကြောင်း ယင်းပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

ယခုအခါ PSG အသင်း၏ အတွင်းလူတစ်ဦးက ဘာပေ၏ ဒဏ်ရာမှာ သက်သာပျောက်ကင်းနေပြီဖြစ်ပြီး မန်စီးတီးနှင့်ပွဲတွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၄၂)ပွဲတွင် (၃၇)ဂိုးနှင့် ချန်ပီယံလိဂ် (၉)ပွဲတွင် (၈)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent