COVID-19 ဖြစ်ပွားမှုကြောင့်၂၀၁၉-၂၀၂၀ ရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ငွေကြေးလည်ပတ်မှု ကိုးရာခိုင်နှုန်း ကျဆင်း

COVID-19 ဖြစ်ပွားမှုကြောင့်၂၀၁၉-၂၀၂၀ ရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ငွေကြေးလည်ပတ်မှု ကိုးရာခိုင်နှုန်း ကျဆင်း
Photo: Getty Images
Photo: Getty Images
Published 25 April 2021

 

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၁၉-၂၀၂၀ ရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ငွေကြေးလည်ပတ်မှုမှာ ကိုးရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် မတ်လမှ ဇွန်လဆန်းအထိ ဘောလုံးပွဲများ ရပ်နားခဲ့ရသဖြင့် ဘောလုံးရာသီမှာလည်း ဇူလိုင်လကုန်ပိုင်းမှသာ ပြီးဆုံးခဲ့သည်။ ဘောလုံးပွဲများ ရပ်နားခဲ့ရသလို Project Restart အစီအစဉ်အရ ပြန်လည်စတင်ရာတွင်လည်း ပရိသတ်များမပါဘဲ ကွင်းပိတ်ကျင်းပခဲ့ရသောကြောင့် ကွင်းဝင်ကြေးဝင်ငွေ အဓိကလျော့ကျခဲ့ရပြီး ကဏ္ဍအသီးသီးမှ ဝင်ငွေရရှိမှုလည်း လျော့ကျသွားသည်။ 

ထို့ပြင် ကစားသမားများအပါအဝင် ဝန်ထမ်းများအား လစာလျှော့ချခြင်း၊ လစာပေးချေမည့်ကာလ ရွှေ့ဆိုင်းခြင်း၊ ဝန်ထမ်းအင်အားလျှော့ချခြင်း စသည့်ဆုံးဖြတ်ချက်များကြောင့် ငွေကြေးလည်ပတ်မှုပမာဏ လျော့ကျသွားရ ခြင်းဖြစ်သည်။ 

ဗြိတိန်အစိုးရ၏ တရားဝင်အဖွဲ့အစည်းဖြစ်သော Compaines House ၏ ထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ရာသီ တွင် ငွေကြေးလည်ပတ်မှုပမာဏမှာ ပေါင် ၂ ဒသမ ၈၈၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီတွင် အသုံးပြုခဲ့သည့် ပေါင် ၃ ဒသမ ၂၉၇ ဘီလီယံထက် ကိုးရာခိုင်နှုန်းကျဆင်းသွားကြောင်း သိရသည်။

နိုင်ငံတကာရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမှာလည်း ၂၀၁၈-၂၀၁၉ ရာသီတွင် ပေါင် ၁ ဒသမ ၃၉၈ ဘီလီယံရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ရာသီတွင် ပေါင် ၁ ဒသမ ၃၅၂ ဘီလီယံသို့ ကျဆင်းသွားသည်။

Most Read

Most Recent