စီးရီးအေပွဲစဉ်  ပွဲကြိုသုံးသပ်ချက် 

 စီးရီးအေပွဲစဉ်  ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 24 April 2021



ဂျီနိုအာ - စပီဇီယာ (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၇:၃၀ နာရီ)

တန်းဆင်းဇုန်ထဲက ရုန်းထွက်နေပေမဲ့ မရေရာအနာဂတ်တွေကိုသာ ပိုင်ဆိုင်ထားတဲ့အသင်းနှစ်သင်းပါပဲ။ ဂျီနိုအာရဲ့ အိမ်ကွင်းမာဂုဏ်တက်နေပေမဲ့ တစ်မှတ်တန်အောင်ပွဲတွေ များနေပါတယ်။ စပီဇီယာကလည်း ခံစစ်အားနည်းမှုဝေဒနာခံစားနေရလို့ ဂျီနိုအာနဲ့ နှစ်သင်းပေါင်းသွင်းဂိုး အများဖြစ်လာနိုင်တယ်။



ပါးမား - ခရိုတိုနီ (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် ည ၁၀:၃၀ နာရီ)

စီးရီးအေကို ပါးမား နှုတ်ဆက်ရတော့မှာလား။ ခံစစ်အားနည်းချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာမခိုင်မာမှုတွေဟာ ပါးမားကို ဆွဲချနေတုန်းပဲ။ ခရိုတိုနီကလည်း လာရာလမ်းကို ပြန်လုနီးပါး ဖြစ်နေပါပြီ။ နှစ်သင်းစလုံးရဲ့လတ်တလောခံစစ်ကစားပုံကြောင့် သွင်းဂိုးများပါဦးမယ်။ ပါးမား နိုင်ပွဲရမယ်ထင်တယ်။



ဆာဆူအိုလို - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် ဧပြီလ ၂၅ ရက် နံနက် ၁:၁၅ နာရီ)

ဆာဆူအိုလိုက ဒီရာသီမှာ အိမ်ကွင်းရလဒ်အကောင်းဆုံး  စီးရီးအေထိပ်ဆုံး (၁၀)သင်းထဲပါဝင်နေတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာလည်း ဖီအိုရင်တီးနားကို ဂိုးပြတ်အနိုင်ယူထားတယ်။ (၂-၁)၊ (၂-၂) လောက်ဖြစ်လာနိုင်တယ်။

Most Read

Most Recent