ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်တွင် အသင်းတစ်သင်းလျှင် အနည်းဆုံး ၁၀ ပွဲစီ ကစားရမည်

ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်တွင် အသင်းတစ်သင်းလျှင် အနည်းဆုံး ၁၀ ပွဲစီ ကစားရမည်
Photo: AFP
Photo: AFP
Published 21 April 2021

 

ဧပြီလ ၁၉ ရက်က တရားဝင်ထုတ်ပြန် ကြေညာခဲ့သော ၂၀၂၄-၂၅ ရာသီမှစတင်ပြီး  ကျင်းပသွားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်တွင် အသင်းတစ်သင်းစီအနေဖြင့် အနည်းဆုံး ၁၀ ပွဲစီ ကစားရမည်ဖြစ်ကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် အသင်းပေါင်း ၃၆ သင်းအထိ ပါဝင် ယှဉ်ပြိုင်ခွင့်ပြုသွားမည်ဖြစ်သည်။ UEFA သည် ယခုအစီအစဉ်ကို အစောပိုင်းကတည်းက အသိပေးထားပြီးဖြစ်သော်လည်း ဥရောပ ထိပ်သီးအသင်းကြီးများက ဥရောပစူပါဖလား ပြိုင်ပွဲကျင်းပရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ပြိုင်ပွဲကို အပြောင်းအလဲ ပြုလုပ်ရန် သဘောတူညီမှုရရှိ ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 

UEFA သည် ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်ကို ၂၀၂၄ ခုနှစ်တွင် စတင်၍ အနည်းဆုံး ၂၀၃၃ ခုနှစ်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ ထို့ပြင် ယခုပြိုင်ပွဲပုံစံသစ် ၌ လက်ရှိကျင်းပနေသကဲ့သို့ အုပ်စုအဆင့်ရှိတော့မည် မဟုတ်ဘဲ လိဂ်ပုံစံ ဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

UEFA သည် ပြိုင်ပွဲဝင်အသင်းများအနေဖြင့်  ကွင်းဝင်ကြေးနှင့် ရုပ်သံဝင်ငွေများ ပိုမိုရရှိစေရန်အတွက်  ယခုကဲ့သို့ အသင်း အရေအတွက်တိုးမြှင့်ခြင်းနှင့် ပွဲစဉ်များ ပိုမိုယှဉ်ပြိုင်ခွင့်ရရှိရန် စီစဉ်ခြင်းဖြစ်ပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲ ပေါ်ပေါက်လာခြင်းမရှိစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ ဥရောပစူပါလိဂ်နှင့်အပြိုင် ကျင်းပရမည့်အခြေအနေ ဖြစ်လာခဲ့သည်။ 

Most Read

Most Recent