ဥရောပစူပါလိဂ်မှာ ဘောလုံးလောကအတွက် အန္တရာယ်ဟု ဒေးဗစ်ဘက်ခမ် ပြောကြား

ဥရောပစူပါလိဂ်မှာ ဘောလုံးလောကအတွက် အန္တရာယ်ဟု ဒေးဗစ်ဘက်ခမ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 20 April 2021

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပူးတွဲပိုင်ရှင်သူ ဒေးဗစ်ဘက်ခမ်က ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ဘောလုံးလောကအတွက် အန္တရာယ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်၊ မန်စီးတီးအသင်းတို့ အပါအဝင် ဥရောပထိပ်သီးအသင်းများသည် UEFA ၏ ဦးဆောင်မှုအောက်မှ ခွဲထွက်၍ ဥရောပစူပါလိဂ်ပြိုင်ပွဲကို အကောင်အထည်ဖော်ရန် စီစဉ်နေပြီး ပြိုင်ပွဲပုံစံကို ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဥရောပစူပါလိဂ်ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အပါအဝင် ဥရောပထိပ်တန်းလိဂ်အသီးသီးနှင့် ပြိုင်ပွဲတွင် ပါဝင်သည့် ပရီးမီးယားကလပ်အသင်းများ၏ ပရိသတ်များက ဆန့်ကျင်ဆန္ဒပြနေကြသည်။ 

ဒေးဗစ်ဘက်ခမ်ကလည်း ဥရောပစူပါလိဂ်မှာ ဘောလုံးပရိသတ်များကို နစ်နာစေမည့်ပြိုင်ပွဲဖြစ်ကြောင်း သူ၏ Instagram တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော်ဟာ ဘဝတစ်လျှောက်လုံး ဘောလုံးကို ချစ်မြတ်နိုးတဲ့သူတစ်ဦးပါ။ ကလေးဘဝတုန်းက ပရိသတ်အဖြစ် ဘောလုံးကို ကျွန်တော် ချစ်ခဲ့တယ်။ အခုလည်း ကျွန်တော်ဟာ ဘောလုံးပရိသတ်တစ်ဦး ဖြစ်နေဆဲပါပဲ။ ဘောလုံးသမားတစ်ယောက်အနေနဲ့ရော အသင်းပိုင်ရှင်တစ်ယောက်အနေနဲ့ ဘောလုံးဟာ ပရိသတ်မရှိရင် အလကားပဲဆိုတာကို ကျွန်တော် သိထားပါတယ်။ ဘောလုံးက အားလုံးအတွက် ဖြစ်ရပါမယ်။ ဘောလုံးက တရားမျှတဖို့လိုပြီး ပြိုင်ပွဲက ဂုဏ်သိက္ခာရှိဖို့ လိုပါတယ်။ တကယ်လို့ အဲဒီတန်ဖိုးတွေကို ကျွန်တော်တို့ မကာကွယ်နိုင်တော့ဘူးဆိုရင် ကျွန်တောာ်တို့ ချစ်တဲ့ ကစားပွဲတွေဟာ အန္တရာယ်တောထဲ ရောက်သွားပါလိမ့်မယ်"ဟု ဒေးဗစ်ဘက်ခမ်က သူ၏ Instagram တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent