ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 4 April 2021

ဆောက်သမ်တန် - ဘန်လေ (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

အမှတ်တူ၊ ရပ်တည်မှု အထက်အောက် ကပ်နေတဲ့အသင်းတွေဖြစ်ပြီး ခြေစွမ်းလည်း သိပ်မကွာကြဘူး။ ဆောက်သမ်တန်က ခြေစွမ်းပိုထက်မြက်တယ်လို့ ထင်ရပေမဲ့ နောက် ဆုံးကစားခဲ့တဲ့ (၆)ပွဲမှာ (၄)ပွဲတောင် ရှုံးခဲ့ပြီး၊ ဘန်လေကတော့ သရေပွဲတွေများနေပါတယ်။ ဒါပေမဲ့ ဘန်လေ ပိုမာကျောပြီး လက်စတာ၊ အာဆင်နယ်တို့ကိုသရေ၊ အဲဗာတန်ကိုအနိုင် ကစားထားတာ တွေ့ရတယ်။ ဘန်လေ သရေကစားနိုင်ပါတယ်။ (၁-၁)လောက်ဖြစ်မယ်။ 

နယူးကာဆယ် - စပါး (တနင်္ဂနွေည ရး၃၅ နာရီ)

နယူးကာဆယ်က နိုင်ပွဲပျောက်နေတာ (၆)ပွဲ ရှိပြီဖြစ်ပြီး၊ လက်ရှိ ရပ်တည်မှုကလည်း တန်းဆင်းဇုန်အထက် (၂)မှတ်ပဲ ကွာတယ်။ စပါးအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အ တွက် ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပြီး လီဗာပူးလ် ပွဲကျပ်နေချိန်မှာ အမှတ်ပိုဖြတ်ဖို့၊ အ ရှေ့က ဝက်စ်ဟမ်း၊ ချယ်လ်ဆီးတို့ကို အမီလိုက်ဖို့ ကစားရမယ့်ပွဲဖြစ်နေတယ်။ စပါး နိုင် မယ်။ (၂-၁)လောက်ဖြစ်မယ်။ 

အက်စတွန်ဗီလာ - ဖူလ်ဟမ် (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)

ဗီလာက စပါးကို အိမ်ကွင်းမှာ (၀-၂)ဂိုးနဲ့ ရှုံးခဲ့တဲ့ ရှုံးပွဲကနေ ပြန်လာဖို့ ကြိုးစားရမှာ ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာတော့ နိုင်ပွဲပျောက်နေတာ တွေ့ရတယ်။ ဖူလ်ဟမ်က လည်း မန်စီးတီးနဲ့ လိဒ်စ်တို့ကို ဆက်တိုက်ရှုံးထားတယ်။ ဒါပေမဲ့ လီဗာပူးလ်ကိုနိုင်တဲ့ပွဲ၊ မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲတွေမှာ ကစားပုံက တော်တော်လေးကောင်းပါတယ်။ ဒီပွဲမှာ လည်း ဗီလာဆီက အမှတ်ခွဲယူနိုင်မယ်ထင်တယ်။ 

မန်ယူ - ဘရိုက်တန် (တနင်္လာနံနက် ၁းဝ၀ နာရီ)

မန်ယူက FA ဖလားပွဲမှာ လက်စတာကို ဂိုးပြတ်ရှုံးခဲ့တဲ့ အရှုံးကနေ ပြန်ခုန်ထွက် နိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ပရီးမီးယားလိဂ်မှာတော့ ပုံစံကောင်းပြနေပြီး ရလဒ်တွေလည်း ကောင်းမွန်ပါတယ်။ ဘရိုက်တန်ကလည်း နောက်ဆုံး (၂)ပွဲစလုံး အနိုင်ရခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ မန်ယူကွင်းမှာတော့ မန်ယူအသင်းရဲ့ခံစစ်ကိုကျော်ဖြတ်ဖို့၊ တိုက်စစ်ကို ထိန်းချုပ် ဖို့ ခက်နိုင်ပါတယ်။ မန်ယူ နိုင်ပွဲယူလိမ့်မယ်။ (၃-၁)လောက်ကြိုက်တယ်။ 

Most Read

Most Recent