ပြင်သစ်မီဒီယာများ၏ ဖိအားပေးမှုကြောင့် PSG အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု ဘာပေ ပြောကြား

ပြင်သစ်မီဒီယာများ၏ ဖိအားပေးမှုကြောင့် PSG အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု ဘာပေ ပြောကြား
Photo: AFP
Photo: AFP
Published 2 April 2021

PSG အသင်း၏ တိုက်စစ်မှူး ဘာပေက ပြင်သစ်မီဒီယာများ၏ ဖိအားပေးမှုကြောင့် အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

    

ဘာပေသည် ဥရောပထိပ်သီး အသင်းများစွာ၏ ခေယူရန် စိတ်ဝင် စားခြင်းခံနေရသူတစ်ဦးဖြစ်၍ ယခုကဲ့သို့ ပြောကြားမှုမှာ အပြောင်းအရွှေ့သတင်းများကို ပိုမိုလှုပ်ခတ်သွားစေခဲ့သည်။ 

ဘာပေက ပြည်ပမှ လာရောက်ကစားနေသူများထက် ပြင်သစ်ကစားသမားဖြစ်နေခြင်းက မီဒီယာများ၏ မျက်စိဒေါက်ထောက်ကြည့်ခြင်းနှင့် ပိုမိုရင်ဆိုင်ရပြီး ယင်းအခြေအနေမှာ စိတ်ပျက်စရာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ 

ဘာပေက "မီဒီယာတွေရဲ့ ဝေဖန်မှုတွေက စိတ် ပျက်စရာကောင်းလွန်းပါတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံက ကလပ်အ သင်းတစ်သင်းမှာ ကစားနေပြီး လက်ရွေးစင်အသင်းအတွက်လည်း အ ကောင်းဆုံးဖြစ်အောင် ကြိုးစားနေရချိန်မှာ ပိုဆိုးပါတယ်။ ဒါဟာ ပြည်ပကစားသမားတွေနဲ့လည်း ခြားနားပါတယ်။ ဘောလုံးကစားရတာ ပျော်ရွှင်မှုရှိဖို့လိုပါတယ်။ PSG မှာ ဆက်နေမလား၊ လမ်းခွဲမလားဆိုတာ ဆုံးဖြတ်ရ မယ့်အခြေအနေရောက်လာပါပြီ"ဟု ပြောကြားခဲ့သည်။

PSG အသင်းနှင့် ချုပ်ဆိုထားသည့် ဘာပေ၏ စာချုပ်မှာ ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး PSG အသင်းသည် ၎င်းကို သက်တမ်းတိုးရန်ကြိုးပမ်းမှုအဆင်မပြေပါက လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ဖွယ်ရှိနေသည်။ 

Most Read

Most Recent