လူငယ်ကစားသမားများမှာ ပွဲပြီးသည်နှင့် လူမှုကွန်ရက်စာမျက်နှာများကို ကြည့်ရှုလိုစိတ်ပြင်းပြနေကြသည်ဟု အင်္ဂလန်နည်းပြဆောက်ဂိတ် ဝေဖန်

လူငယ်ကစားသမားများမှာ ပွဲပြီးသည်နှင့် လူမှုကွန်ရက်စာမျက်နှာများကို ကြည့်ရှုလိုစိတ်ပြင်းပြနေကြသည်ဟု အင်္ဂလန်နည်းပြဆောက်ဂိတ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 29 March 2021

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဆောက်ဂိတ်က ယနေ့ခေတ် ဘောလုံးလောကတွင် လူငယ်ကစား သမားများမှာ ဘောလုံးပွဲပြီးဆုံးသည် နှင့် ၎င်းင်းတို့၏လူမှုကွန်ရက်စာမျက်နှာ များကို ကြည့်ရှုလိုစိတ်ပြင်း ပြနေကြပြီး ယင်းမှာ နည်းပြများအတွက် စိုးရိမ်စ ရာပြဿနာဖြစ်လာကြောင်း သုံးသပ် ပြောကြားခဲ့သည်။

    

ယင်းကဲ့သို့ ကစားသမားများက လူမှုကွန်ရက်စာမျက်နှာများကို စွဲ လမ်းနေကြသော်လည်း မိမိအနေဖြင့် ကစားသမားများကို လူမှုကွန်ရက်အ သုံးမပြုရန် တားဆီးပိတ်ပင်မှုများ ပြု လုပ်သွားမည်မဟုတ်ကြောင်းလည်း ဆောက်ဂိတ်က ပြောကြားခဲ့သည်။ မကြာသေးမီက ပြင်သစ်ဂန္ထဝင်တိုက် စစ်မှူး အွန်နရီသည် လူမျိုးရေးခွဲခြား မှုများကို လူမှုကွန်ရက်ကုမ္ပဏီများ က တားဆီးပိတ်ပင်ရန် ပျက်ကွက်နေ ခြင်းကို ဆန့်ကျင်ဆန္ဒပြသည့်အနေ ဖြင့် ၎င်းင်း၏ လူမှုကွန်ရက်စာမျက်နှာ များအား ဖျက်သိမ်းခဲ့သည်။ 

    

ဆောက်ဂိတ်က ''ဒီနိုင်ငံထဲမှာ ရှိတဲ့ ဘယ်နည်းပြတိုင်းနဲ့မဆို စကား ပြောကြည့်မယ်ဆိုရင် ဒီအကြောင်း အရာ (လူငယ်ကစားသမားများ လူမှု ကွန်ရက်စာမျက်နှာများကို စွဲလမ်း ခြင်းပြဿနာ)နဲ့ပတ်သက်ပြီး ကြီးမား တဲ့ စိုးရိမ်ပူပန်မှုရှိတာကို တွေ့ရပါလိမ့် မယ်။ ပွဲပြီးတဲ့အခါမှာ ကစားသမား အများစုဟာ သူတို့ရဲ့ဖုန်းတွေကိုကြည့် ဖို့ပဲ ဆန္ဒရှိနေကြပါတယ်။ သူတို့အနေ နဲ့ ပွဲကစားပြီးချိန်မှာ မောပန်းနွမ်းနယ် နေကြပါပြီ။ ဒီအချိန်မှာ ဘာဖြစ်လို့ လူ တွေရဲ့ဝေဖန်သံကို နားထောင်ချင်ရ တာလဲ။ လက်ရှိအချိန်မှာ လူမှုကွန် ရက်ကုမ္ပဏီတွေကလည်း ထိန်းချုပ်မှု တွေကို သေသေချာချာပြုလုပ်တာ မ တွေ့ရပါဘူး'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent