ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 21 February 2021

ဘွန်ဒစ်လီဂါပွဲစဉ်များ

အော့စ်ဘတ် နှင့် လေဗာကူဆင် (၂၁-၂-၂၀၂၁ ည ၇:၀၀ နာရီ)

အော့စ်ဘတ်အသင်းက ရှုံးပွဲတွေများနေပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းနေတာ သတိပြုရမှာပါ။ ပုံမှန်ခြေစွမ်းမရှိတဲ့ လေဗာကူဆင်အသင်း ဂိုးပြတ်နိုင်ခြေနည်းလို့ အော့စ်ဘတ်ကို ရွေးချယ်တာပိုကောင်းမယ်။

ဟာသာဘာလင် နှင့် လိုက်ပ်ဇစ် (၂၁-၂-၂၀၂၁ ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက ကြားရက်မှာ ချန်ပီယံလိဂ်ကစားထားရပေမဲ့ လီဗာပူးလ်ကို အိမ်ကွင်းဂိုးပြတ်ရှုံးခဲ့တာကြောင့် ကွာတားတက်ဖို့ မျှော်လင့်ချက်နည်းသွားလို့ ဘွန်ဒစ်လီဂါဘက်ကို ပိုပြီးဖိဖိစီးစီးကစားမလား စောင့်ကြည့်ရမယ်။ ဟာသာဘာလင်အသင်း ရှုံးပွဲရပ်တန့်သွားပေမဲ့ ယုံစားလို့မရသေးတဲ့ အခြေအနေပါ။ ဟာသာဘာလင်ပဲ နိုင်ဖို့များတယ်။

ဟော်ဖန်ဟင်မ် နှင့် ဝါဒါဘရီမင် (၂၁-၂-၂၀၂၁ ည ၁၁:၃၀ နာရီ)

အိမ်ကွင်း(၂)ပွဲဆက် အမှတ်ပြည့်မရခဲ့တဲ့ ဝါဒါဘရီမင်ရဲ့ Rhythm ကတော့ အနည်းငယ်စိုးရိမ်စရာကောင်းနေပြီ။ ဟော်ဖန်ဟင်မ် နိုင်ပွဲပြန်ရရင် အံ့သြစရာမရှိပါဘူး။

ပြင်သစ်လီဂူးပွဲစဉ်များ

မောင့်ပယ်လီယာ နှင့် ရန်းစ် (၂၁-၂-၂၀၂၁ ညနေ ၆:၃၀ နာရီ)

မောင့်ပယ်လီယာရဲ့ ခြေတက်ချိန်ကို ပြန်ရောက်နေပြီး လိုင်ယွန်ကိုတောင် အနိုင်ကစားထားတယ်။ ဒါပေမဲ့ အဝေးကွင်း (၁)ပွဲပဲ ရှုံးထားသေးတဲ့ ရန်းစ်ကို နိုင်ဖို့ ခက်ပါလိမ့်မယ်။

လန်းစ် နှင့် ဒီယွန်း (၂၁-၂-၂၀၂၁ ည ၈:၃၀ နာရီ)

လန်းစ်မှာ ယူရိုပါလိဂ်မျှော်လင့်ချက်ရှိနေပြီး ကစားပုံက မာကျောကောင်းမွန်ပါတယ်။ ဇယားအောက်ခြေက ဒီယွန်းက အားနည်းလွန်းတယ်။ လန်းစ် အနိုင်သေချာတယ်။

နိုက်စ် နှင့် မက်ဇ် (၂၁-၂-၂၀၂၁ ည ၈:၃၀ နာရီ)

နိုက်စ်မှာ ကစားသမားကောင်းတချို့ရှိပေမဲ့ ရလဒ်တွေက မငြိမ်ပါဘူး။ မက်ဇ်က မာကျောပြီး အဝေးကွင်းလည်း ကောင်းပါတယ်။ နိုက်စ် သရေလောက်ပဲ ရလိမ့်မယ်။

နီးစ် နှင့် ဘော်ဒိုး (၂၁-၂-၂၀၂၁ ည ၈:၃၀ နာရီ)

နီးစ်က တန်းဆင်းဇုန်ကလွတ်ဖို့ အစွမ်းကုန်ရုန်းနေပေမဲ့  အရာမထင်သေးပါဘူး။ ဘော်ဒိုးကလည်း ခြေကျနေတဲ့အသင်းပါ။ အိမ်ရှင် တစ်မှတ်တော့ ရအောင်ယူလိမ့်မယ်။

စထရာဘိုး နှင့် အန်ဂါစ် (၂၁-၂-၂၀၂၁ ည ၈:၃၀ နာရီ)

ခြေမမှန်တဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်ပြီး အန်ဂါစ်က ခြေပိုကျနေတယ်လို့ ပြောလို့ရပါတယ်။ အိမ်ကွင်းလည်း ဖြစ်နေလို့ စထရာဘိုး အမှတ်ယူလိမ့်မယ်။ ဂိုးများနိုင်တယ်။

လော်ရီယန့် နှင့် လိုင်လီ (၂၁-၂-၂၀၂၁ ည ၁၀:၃၅ နာရီ)

လော်ရီယန့်ရဲ့ တန်းဆင်းရုန်းအားက လေးစားစရာဖြစ်ပြီး နောက်ဆုံး(၅)ပွဲ ရှုံးပွဲမရှိဘူး။ လိုင်လီ ခြေစွမ်းငြိမ်ပေမဲ့ တိုက်စစ် ဖောက်တတ်တယ်။ သရေကျနိုင်ပြီး ဂိုးတော့ နည်းလိမ့်မယ်။

PSG နှင့် မိုနာကို (၂၂-၂-၂၀၂၁ နံနက် ၂:၃၀ နာရီ)

နေမာ ဒဏ်ရာရနေခြင်းက ပြဿနာ မဟုတ်ဘူးဆိုတာကို ဘာစီလိုနာနဲ့ပွဲမှာ PSG ပြသခဲ့ပါတယ်။ ပိုချက်တီနိုလက်ထက်မှာ အသင်းက တစ်ဦးချင်းအားပြုမှုကို လျှော့ချလာတာ မြင်ရပြီး အသင်းလိုက်ကစားပုံ ပိုမိုအားကောင်းလာတယ်။  ပါရေဒက်စ်က ပုံမှန်နေရာရလာခဲ့ပြီး ကွင်းလယ်က အရင်ကလို နေမာနဲ့ဘာပေဆီ ဘောလုံးပို့ပေးရုံထက် တိုက်စစ်မှာ ပိုမိုပါဝင် လာတာကို မြင်ရတယ်။ ဒါကြောင့် ဒီမာရီယာ မပါနိုင်ရင်တောင်မှ PSG ရဲ့ ဖန်တီးနိုင်စွမ်းအားက မြင့်နေဆဲဖြစ်တယ်။ မိုနာကိုက တိုက်စစ်ကောင်း-ခံစစ်ညံ့အသင်းဖြစ်ပြီး ကိုဗက်ရဲ့ ပုံသွင်းမှုနဲ့အတူ ဘွန်ဒစ်လီဂါအသင်းတစ်သင်းရဲ့ ဟန်ပန်နဲ့ ပိုတူနေတယ်။ ဘင်ယက်ဒါ-ဗော်လန်းအတွဲက တိုက်စစ်အစိတ်အပိုင်းအားလုံးမှာ စိတ်ချယုံကြည်ရတဲ့ ခြေစွမ်းကို ပြနေတယ်။ ဂိုးများနိုင်ပြီး PSG ပဲ နိုင်သွားလိမ့်မယ်။

Most Read

Most Recent