ဒီရာသီမှာတော့ မီလန်မြို့ခံတွေရဲ့မျက်နှာ မှာ မျှော်လင့်ခြင်းအပြုံးတွေကို ပြန်မြင်လာရပါ တယ်။ ယုံကြည်မှုအပြည့်နဲ့ အသွင်အပြင်တွေ၊ စကူဒက်တိုချန်ပီယံဆုဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဖြတ်သန်းနေတဲ့နေ့စွဲတွေ။ ပြီးတော့ မီလန်(၂) သင်း အပြိုင်အဆိုင်လုနေရတဲ့ ချန်ပီယံအိပ်မက် တွေ။ မီလန်နဲ့သက်ဆိုင်သမျှအရာအားလုံးဟာ လင်းလင်းလက်လက်ရှိနေပါတယ်။ ဒီရာသီ အီတ လီစီးရီးအေပွဲစဉ် (၂၂)အပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ အင်တာမီလန်အသင်းက ရမှတ် (၅၀)မှတ်နဲ့ ရပ်တည်နေပြီး၊ ဒုတိယနေရာမှာတော့ အေစီမီလန်အသင်းက ရမှတ် (၄၉)မှတ်နဲ့ရှိနေ ပါတယ်။ အီတလီဘောလုံးရပ်ဝန်းမှာသာမက၊ ဥရောပဘောလုံးရပ်ဝန်းမှာပါ ပြိုင်ဆိုင်မှု အစဉ်အ လာကြီးမားလှတဲ့ မီလန် (၂)သင်းရဲ့ စကူဒက်တို ချန်ပီယံပြိုင်ဆိုင်မှု အရှိန်အဟုန် အမြင့်ဆုံးဖြစ် နေချိန်မှာပဲ ဒီ (၂)သင်းထိပ်တိုက်ဆုံတွေ့နေတဲ့ မီလန်ဒါဘီတိုက်ပွဲက လောင်စာလို ဖြစ်စေပါ လိမ့်မယ်။ အီတလီစီးရီးအေပွဲစဉ် (၂၃)မှာ ထိပ် တိုက်ဆုံတွေ့နေတဲ့ မီလန်ဒါဘီဟာ ကမ္ဘာ့ဘော လုံးပရိသတ်အတွက်လည်း တကယ်ကို ချိုမြိန် မှုဖြစ်စေမှာပါ။ တစ်ချိန်က ဆန်စီရိုမြက်ခင်းစိမ်း ထက် ချန်ပီယံဆုတွေအတွက် အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတွေနဲ့ အကြိမ်ကြိမ်အခါခါ စီးချင်းထိုး ခဲ့ကြတဲ့ မီလန်ဒါဘီရဲ့အရသာကို ဘောလုံးပရိ သတ်တွေလည်းမေ့လျော့နေတာကြာပါပြီ။ ဒီ အတွက်လည်း အခုတစ်ကြိမ်မှာ ချန်ပီယံဆုမျှော် လင့်ချက်အတွက် ထိပ်တိုက်တွေ့မယ့် မီလန်ဒါ ဘီက ပရိသတ်ကိုဘယ်လိုရသတွေပေးမလဲဆို တာစိတ်ဝင်စားစရာပါပဲ။
ပြန်လည်လန်းဆန်းခြင်း မီလန်ဒါဘီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
20 hours ago















