ကစားသမားဘဝမှ အနားယူချိန်တွင် နည်းပြလောကသို့ ဝင်ရောက်လိုသည်ဟု ဂွန်ဒိုဂန် ဝန်ခံပြောကြား

ကစားသမားဘဝမှ အနားယူချိန်တွင် နည်းပြလောကသို့ ဝင်ရောက်လိုသည်ဟု ဂွန်ဒိုဂန် ဝန်ခံပြောကြား
Photos : Getty Images
Photos : Getty Images
Published 17 February 2021

 

လက်ရှိအချိန်၌ မန်စီးတီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသည့် ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန် က ကစားသမားဘဝမှ အနားယူချိန်တွင် နည်းပြလောကသို့ ဝင်ရောက်လိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

ဂွန်ဒိုဂန်က "ဂွါဒီယိုလာ၊ ကလော့ပ်နဲ့ တူဟယ်လ်တို့ရဲ့လက်အောက်မှာ ကစားခဲ့ပြီး သူတို့ဆီက သင်ယူခဲ့ရတာကြောင့် ဒီလိုတွေးမိတာပါ။ လက်ရှိအချိန်မှာ အတိအကျမဆုံးဖြတ်ရသေးပေမဲ့ နည်းပြလောကကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်" ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည့် ဂွန်ဒိုဂန်က ကစားသမားဘဝကို မန်စီးတီး အသင်းတွင်သာ အဆုံးသတ်သွားရန် ရည်ရွယ်ထားပြီး မန်စီးတီးအသင်းသည် ဘောလုံးအသင်းတစ်သင်းထက် မိသားစု တစ်ခုနှင့် ပိုမိုတူညီသည်ဟုလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent