အက်သလက်တီကို တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ စာချုပ်တွင် လာမည့် ဇွန်(၃၀)၌ အလွတ်ထွက်ခွာခွင့်ရမည့်အချက် ပါဝင်

အက်သလက်တီကို တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၏ စာချုပ်တွင် လာမည့် ဇွန်(၃၀)၌ အလွတ်ထွက်ခွာခွင့်ရမည့်အချက် ပါဝင်
Photo : AFP
Photo : AFP
Published 17 February 2021

 

ပြီးခဲ့သည့် နွေရာသီက ဘာစီလိုနာအသင်းမှ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည်  လာမည့်ဇွန်လ(၃၀)ရက်နေ့တွင် အသင်းမှ အလွတ်ထွက်ခွာခွင့်ရမည့်အချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

ဆွာရက်ဇ်(၃၄ နှစ်)သည် အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ရာ၌ ယင်းအချက်ကို ထည့်သွင်းချုပ် ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ 

ဆွာရက်ဇ်သည် သွင်းဂိုးများနှင့်ပတ်သက်ပြီး အပိုဆုကြေးရရှိမည့် သဘောတူညီချက်များလည်း ရယူထားပြီး လာလီဂါ၌ (၁၅)ဂိုး သွင်းယူနိုင်ခဲ့ခြင်းအတွက် ဆုကြေး ယူရို(၁)သန်း ရရှိမည် ဖြစ်သလို၊ သွင်းဂိုး(၂၀)ပြည့်ပါက ဆုကြေးထပ် မံရရှိမည်ဟုလည်း သိရသည်။ 

ထို့ပြင် ထူးခြားသည့် သဘောတူညီချက်မှာ (၂)နှစ်စာချုပ် ချုပ်ဆိုထားသော်လည်း ၎င်း၏ဆန္ဒအရ စာချုပ်သက်တမ်း တစ်ရာသီပြည့်မြောက်မည့် ဇွန်လ(၃၀)ရက်နေ့တွင် အခြားအသင်းတစ်သင်းသို့ အလွတ်ပြောင်းရွှေ့ခွင့်ရမည့်အချက် ထည့်သွင်းထားခြင်းဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent