မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေသူများကို ရဲတပ်ဖွဲ့မှ စတင် ဖမ်းဆီး

မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေသူများကို ရဲတပ်ဖွဲ့မှ စတင် ဖမ်းဆီး
Published 9 February 2021
ယဉ်မျိုးသွယ်

မန္တလေး မြို့ တွင် ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့မှ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၊ ၃၈လမ်း၊ ၇၃လမ်းနှင့်၇၄လမ်းကြားတွင် ဆန္ဒထုတ်ဖော်ရန်လာရောက်သူများ၊ ပြုလုပ်နေသူများကို လူစုလူဝေးမပြုလုပ်ရန် ရဲတပ်ဖွဲ့ကကြေညာခဲ့ပြီးနောက် ဆန္ဒထုတ်‌ ဖော်သူများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ၃၈လမ်း‌၊ ၇၃လမ်းနှင့်၇၄လမ်းကြားတွင် ဆန္ဒထုတ်ဖော်သဖြင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

​​​​​​​

Most Read

Most Recent