ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန်

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန်
Published 5 February 2021

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက  သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်ချက် ၂/၂၀၂၁ ကို ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင်

ကျွန်ုပ်တို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို၂၀၂ဝခုနှစ် နိုဝင်ဘာလ (၈ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြပါကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် လွှတ်တော်အစည်းအဝေးများ ကျင်းပရန်သတ်မှတ် ကြေညာ ခဲ့သော်လည်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခိုင်လုံမှုမရှိသော အကြောင်းပြချက်များဖြင့် ဥပဒေမဲ့ နိုင်ငံ့အာဏာ သိမ်းခဲ့သည့်အတွက်သတ်မှတ်ထားသည့် နေ့ရက်တွင် လွှတ်တော် အစည်း အဝေးများ ကျင်းပနိုင်ခဲ့ခြင်း မရှိသည်ကို ပြည်သူများသိရှိပြီးဖြစ်ပါကြောင်း ပြောကြားထားသည် ။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၄ ) ရက်နေ့တွင် စည်ပင်ရိပ်သာ ( ၂) အတွင်း ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်မှုကို စတင်ပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလုပ်ငန်းအပြင်၊ သမ္မတရွေးချယ်ရေးအဖွဲ့အသွင်ဖြင့် သမ္မတများ ရွေးချယ်ခန့် အပ် ပေးရန်၊ အစိုးရအဖွဲ့ကို အတည်ပြုရန် လည်း တာဝန်ရှိပါကြောင်း ပါရှိသည်။

ထို့ပြင် မိမိတို့ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ သည် ဥပဒေမဲ့ နိုင်ငံတော် အာဏာ သိမ်းခဲ့သည့် စစ်အစိုးရ ဖွဲ့စည်းသမျှမည်သည့် အဖွဲ့အစည်း ဝန်ကြီးဌာန၊ အစိုးရအဖွဲ့ကို မျှအသိအမှတ် ပြုမည် မဟုတ်ကြောင်း နှင့် ၄င်းအစိုးရအဖွဲ့ အားတရားမဝင်ကြောင်း ကြေညာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီးသမ္မတကြီး ဦးဝင်းမြင့် ဦးဆောင်သော အစိုးရအဖွဲ့သာလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တရားဝင် အသိပေး လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်အာဏာသိမ်းမှုသည် ကျွန်ုပ်တို့အပေါ် ပြည်သူများက နှင်းအပ်လိုက်သော လုပ်ပိုင်ခွင့်အာဏာ၏ တရားဝင်မှုကို ဖျက်ဆီး နိုင်မည်မဟုတ်ကြောင်း

ထို့ကြောင့် ကျွန်ုပ်တို့ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်အာဏာများ မဆုံးရှုံးရုံမျှမက ပြည်သူက ယုံကြည်အပ်နှင်းလိုက်သည့် တာဝန်များကို ထမ်းရွက်ခြင်းမှ လည်း တရားဝင်မှု ရှိရှိ ဟန့်တားနိုင်မည်မဟုတ်ကြောင်းနှင့် ပြည်သူတို့ ယုံကြည်အပ်နှံလိုက်သော တာဝန်များကို ဦးလည်မသုန်ထမ်းဆောင်နိုင်ရေး ၊ နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထားသူများအားလုံး အမြန်ဆုံး နှင့် ချွင်းချက်မရှိ လွတ်မြောက်ရေး ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။