တူဟယ်လ်ရဲ့ ညာခြမ်းတိုက်စစ်နဲ့ အိုဒွိုင်း

တူဟယ်လ်ရဲ့ ညာခြမ်းတိုက်စစ်နဲ့ အိုဒွိုင်း
Photos: AFP, Opta
Photos: AFP, Opta
Published 3 February 2021
Chan Myae

ပုံမှန်အားဖြင့် တူဟယ်လ်ရဲ့ ကစားကွက်ကို ၃ ယောက်တန်းခံစစ်အဖြစ် မြင်ရပြီး အက်ဇ်ပီလီ ကွယ်တာ-သီယဂိုဆေးလ်ဗား-ရူဒီဂါ အတွဲပါ။ RWB နဲ့ LWB နေရာတွေမှာ အိုဒွိုင်း-မားကို့စ် တို့က ကစားတယ်။ ဒါပေမဲ့ ချယ်လ်ဆီးကို ၄ ယောက်တန်းခံစစ်အဖြစ်လည်း အလွယ်တကူ အသွင်ပြောင်းနိုင်ပြီး၊ Formation switch လုပ်ဖို့အတွက်ကတော့ အိုဒွိုင်းက ညာတောင်ပံကစားသ မားဖြစ်သွားပြီး အက်ဇ်ပီလီကွယ်တာက RB အဖြစ် တက်လာတယ်။ မားကို့စ်အလွန်ဆိုကတော့ LWB ကနေ RB အဖြစ် နည်းနည်းပြန်ဆင်းသွားတယ်။ ဒီလိုနဲ့ အိုဒွိုင်းက တောင်ပံကစား သမားပြန်ဖြစ်ပါတယ်။ ဒါကြောင့် အိုဒွိုင်းဟာသူ့ရဲ့ Formation ပေါ်က Position အရ ညာတောင်ပံခံစစ်ကစားသမားလို့ ပြောနေပေမယ့် ကွင်းထဲမှာတော့ Role နှစ်ခုကို အခြေအနေအပေါ် မူတည်ပြီးကစားပါတယ်။ ဒီလို အပြောင်းအလဲလုပ်တဲ့အခါမှာ ချယ်လ်ဆီးကစားသမားတွေရဲ့ Movement ကို နည်းနည်းလေးရှင်းပြချင်ပါတယ်။ မန်ဒီဆီကို ဘောလုံးရောက်ပြီဆိုတာနဲ့ ဘန် လေကစားသမားတွေက သူတို့ရဲ့တိုက်စစ်မှူး နှစ်ဦးနဲ့အတူ Press တက်လုပ်ပါတယ်။ ဒီအချိန် မှာ မန်ဒီက အက်ဇ်ပီလီကွယ်တာဆီကို ဘောလုံးပေးပြီး၊ အက်ဇ်ပီလီကွယ်တာက ဘေးစည်းနားကနေ လက်ခံပါတယ်။ အဲ့ဒီလိုအနေအထားမှာ မားကို့စ်အလွန်ဆိုက ခံစစ်ကို အားဖြည့် မယ့်နေရာအထိ ဆင်းနေပါပြီ။ သီယာဂိုဆေးလ်ဗားနဲ့ ရူဒီဂါတို့က ၄ ယောက်တန်းခံစစ်မှာ နောက်ခံအတွင်းလူတွေနေရာယူတဲ့ အနေအထားအတိုင်း နောက်ကို ဆင်းပြီး ချဲထုတ်တယ်။ အက်ဇ်ပီလီကွယ်တာသာ Press အလုပ်ခံရရင် ဘောလုံးကို အနောက်ကို အလွယ်တကူ ပြန်တွဲလို့ရ အောင် Opening လုပ်ပေးတဲ့ပုံစံလည်းဖြစ်တယ်။ အက်ဇ်ပီလီကွယ်တာအတွက် Options အများကြီး ဖြစ်သွားတယ်။ ဒီအချိန်မှာ အိုဒွိုင်းက သူ့အနားအထိ ဆင်းတွဲပေးပြီး တိုက်စစ်ပိုင်း Option တစ်ခုအဖြစ် နေရာယူပေးပါတယ်။