စပါးအသင်းနည်းပြ မော်ရင်ဟိုက ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သော တိုက်စစ်မှူး ဟာရီကိန်း သည် နှစ်ပတ်အတွင်း ပြန်ကစားနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
ဟာရီကိန်းသည် လီဗာပူးလ် အသင်းကို ရှုံးနိမ့်ခဲ့သောပွဲတွင် ခြေချင်းဝတ်နှစ်ဖက်စလုံး၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် ၌ အနားယူနေရသည်။
မော်ရင်ဟိုက "ဒီလိုဒဏ်ရာတွေ သူ ရခဲ့ဖူးပြီးသားပါ။ သတင်းကောင်းတွေ လည်း ကြားရပါတယ်။ လာမယ့်နှစ်ပတ်အတွင်း သူ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဟာရီကိန်းသည် စပါးအသင်းအတွက် ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူပေးထားသည်။