ဘွန်ဒစ်လီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 16 January 2021

ဒေါ့မွန် - မိန့်ဇ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၉:၀၀ နာရီ)

ဒေါ့မွန်အသင်းက ဟော်လန်း ပြန်လာခြင်းနဲ့အတူ နိုင်ပွဲတွေလည်း ပြန်ဆက်လာတယ်။ မိန့်ဇ်ရဲ့လက်ရှိခြေစွမ်းနဲ့တော့ ရှုံးပွဲဆက်မှုကို ရပ်တန့်ဖို့ မဖြစ်လောက်ပါဘူး။ ဒေါ့မွန် အနိမ့်ဆုံး (၂)ဂိုးပြတ်လိမ့်မယ်။



ဟော်ဖန်ဟင်မ် - အာမီးနီးယား (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၉:၀၀ နာရီ)

နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိ အရေးနိမ့်ခဲ့တဲ့ ဟော်ဖန်ဟင်မ်က ဇယားအောက်ပိုင်းနား ရောက်လာတယ်။ ဒီပွဲတော့ ဟော်ဖန်ဟင်မ် အနိုင်ပြန်ယူမှာ သေချာပါတယ်။



ကိုလုံး - ဟာသာဘာလင် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၉:၀၀ နာရီ)

ကိုလုံးရဲ့ဖြစ်တည်မှုတွေက (၄)ပွဲဆက် သွင်းဂိုးမဲ့အနေအထားနဲ့ အခြေအနေဆိုးနေတယ်။ ဟာသာဘာလင်ကလည်း မစွံလို့ အိမ်ရှင် သရေမျှော်လင့်လို့ရတယ်။

 



ဝုလ်ဖ်ဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၉:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်းက ဘွန်ဒစ်လီဂါနောက်ဆုံး(၄)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့လို အသင်းတွေနဲ့ တွေ့ဆုံခဲ့လို့သာ ရလဒ်မကောင်းဖြစ်ခဲ့ရတာပါ။ ဝုလ်ဖ်ဘတ်အသင်းက ဒီရာသီအိမ်ကွင်းမှာ ရှုံးပွဲလုံးဝမရှိသေးသလို၊ လိုက်ပ်ဇစ်ကလည်း အဝေးကွင်းရလဒ်ပိုင်း အတော်လေး ကောင်းနေတယ်။ လိုက်ပ်ဇစ်တိုက်စစ်က အပြောင်းအလဲများနေပြီး ခံစစ်အစွန်လူ အန်ဟယ်လီနိုကိုတောင် ၄-၃-၃ ရဲ့ဘယ် တောင်ပံမှာ အသုံးပြုတဲ့အထိ တည်ငြိမ်မှုပျက်ပြားနေတယ်။  ဝုလ်ဖ်ဘတ်ကတော့ အသင်းလိုက်ဟန်ချက်ညီတဲ့အသင်းပါ။ အိမ်ရှင် အမှတ်ရလိမ့်မယ်။



၀ါဒါဘရီမင် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၉:၀၀ နာရီ)

ဝါဒါဘရီမင်ကလည်း အိမ်ကွင်းပွဲတွေမှာ အမှတ်ပိုလျော့နေပြီး အာမီးနီးယားကိုပဲ အနိုင်ရခဲ့တယ်။ အဝေးကွင်းနိုင်ပွဲဆက်နေတဲ့ အော့စ်ဘတ်ကိုပဲ ရွေးချင်တယ်။



စတုဂတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ည ၁၂:၀၀ နာရီ)

မိုချန်ဂလာဘတ်က ဘိုင်ယန်ကို အနိုင်ကစားခဲ့လို့ ယုံကြည်မှု အတော်လေးမြင့်တက်နေနိုင်တယ်။ စတုဂတ်ကလည်း အမှတ်ယူတတ်လို့ အိမ်ရှင်ပဲကြိုက်တယ်။

Most Read

Most Recent