မြို့နယ် ၂၄ မြို့နယ်တွင် မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်း ခြောက်သိန်းခန့် တွေ့ရှိကြောင်း တပ်မတော်က ၁၂ ကြိမ်မြောက် ထုတ်ပြန်

မြို့နယ် ၂၄ မြို့နယ်တွင် မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်း ခြောက်သိန်းခန့် တွေ့ရှိကြောင်း တပ်မတော်က ၁၂ ကြိမ်မြောက် ထုတ်ပြန်
Published 9 January 2021

မြို့နယ် ၂၄ မြို့နယ်တွင် မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်း ခြောက်သိန်းနီးပါး တွေ့ရှိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ၁၂ ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။

၁၂ ကြိမ်မြောက် ထုတ်ပြန်သည့် မြို့ နယ် ၂၄ မြို့နယ်စာရင်းမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်ခမ်၊ နမ့်ဆန်၊ ပေါင်၊ အုတ်ဖို၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကျောက်ဖြူ၊ နန်းယွန်း၊ ပေါက်၊ ဆော၊ ဖလမ်း၊ ဆိပ်ဖြူ၊ သရက်ချောင်း၊ စလင်း၊ ပွင့်ဖြူ၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ ဆင်ပေါင်ဝဲ၊ သာစည်၊ မြို့သစ်မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်များတွင် မဲသမာမူပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြား မဲစာရင်းများသည် လွိုင်ကော်မြို့တွင် ၁၄၂၆၁ မဲ၊ ဒီးမော့ဆိုမြို့တွင် ၃၂၈၇ မဲ၊ နမ့်ခမ်းမြို့တွင် ၁၇၀၉၅ မဲ၊ နမ့်ဆန်မြို့တွင် ၈၉၇၈ မဲ၊ ပေါင်မြို့တွင် ၄၉၆၇၈ မဲ၊ အုတ်ဖိုမြို့တွင် ၂၄၁၆၆ မဲ၊ မော်လမြိုင်ကျွန်းတွင် ၇၀၂၂၀ မဲ၊ ဖျာပုံမြို့တွင် ၅၈၇၆၀ မဲ၊ ဟင်္သာတမြို့တွင် ၆၈၂၅၁ မဲ၊ အင်္ဂပူမြို့တွင် ၄၃၃၀၅ မဲ၊ ကျောက်ဖြူမြို့တွင် ၇၆၈၁ မဲ၊ နန်း ယွန်းမြို့တွင် ၇၇၅၈ မဲ တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပေါက်မြို့တွင် ၂၆၀၄၀ မဲ၊ ဆောမြို့တွင် ၂ရရရမဲ၊ ဖလမ်းမြို့တွင် ၃၈၄၃မဲ၊ ဆိပ်ဖြူမြို့တွင် ၁၂၉၁၆ မဲ၊ သရက်ချောင်းမြို့တွင် ၂၄၁၇၉ မဲ၊ စလင်းမြို့တွင် ၃၉၇၈၀ မဲ၊ ပွင့်ဖြူမြို့တွင် ၃၁၀၁၂ မဲ၊ ပုသိမ်ကြီးမြို့တွင် ၂၄၃၃၆ မဲ၊ မဟာအောင်မြေမြို့တွင် ၁၀၉၁၇ မဲ၊ ဆင် ပေါင်ဝဲမြို့တွင် ၁၄၁၈၀ မဲ၊ သာစည်မြို့တွင် ၈၉၇၁ မဲ၊ မြို့သစ်မြို့တွင် ၂၆၈၃၈ မဲတို့သည် မဲသမာမူပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းများ ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါ မြို့နယ် ၂၄ မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း ၅၉၉၂၃၈ မဲ (ခြောက်သိန်းနီးပါး) ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်း စိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား ၁၂ ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များသည် သာမာန်အားဖြင့် မသိနိုင်သည့် ထပ်နေသော မဲစာရင်းများနှင့် အထောက်အထားဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော မဲစာရင်းများဖြစ်ကြောင်း၊ ရရှိသည့် မဲစာရင်းများကို အခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent