ဒေါက်တာအေးမောင်၊ ကိုဝေဟင်အောင်အပါအဝင် ရခိုင်ပြည်အနှံ့ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်  အမ်းမြို့နယ်တွင် စာရွက်ကပ်ကမ်ပိန်း ပြုလုပ်တောင်းဆို

ဒေါက်တာအေးမောင်၊ ကိုဝေဟင်အောင်အပါအဝင် ရခိုင်ပြည်အနှံ့ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်  အမ်းမြို့နယ်တွင် စာရွက်ကပ်ကမ်ပိန်း ပြုလုပ်တောင်းဆို
​တောင်းဆိုချက်ပါ စာရွက်များကပ်သည့် ကမ်ပိန်းဆောင်ရွက်စဉ် (Photo- Ko Myo Lwin Ann)
​တောင်းဆိုချက်ပါ စာရွက်များကပ်သည့် ကမ်ပိန်းဆောင်ရွက်စဉ် (Photo- Ko Myo Lwin Ann)
Published 8 January 2021

ဒေါက်တာအေးမောင်၊ ကိုဝေဟင်အောင်အပါအဝင် ရခိုင်ပြည်အနှံ့ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန် အမ်းမြို့နယ်တွင် စာရွက်ကပ်ကမ်ပိန်းကို ဇန်နဝါရီလ ၆ ရက်နေ့  ညနေ ၉ နာရီက ပြုလုပ်တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ လူပ်ရှားမှုကို အမ်းမြို့ပေါ်အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်တွင် လူစည်ကားရာနေရာများ၌ စတေကာကပ်ကာပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းတစ်ခုမှ လုပ်ခြင်းမဟုတ်ဘဲ အမ်းမြို့နယ်ရှိပြည်သူလူထုက တောင်းဆိုခြင်းဖြစ်ပြီး အစိုးရဖက်မှ တစ်စုံတစ်ရာ ဆောင်ရွက်မှုမရှိလျင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း ကမ်ပိန်းအား ဦးဆောင်ရာတွင်ပါဝင်သူအမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင်က  ပြောသည်။

"အချက် ၄ ချက်ပါတဲ့ စာရွက်တွေကို အမ်းမြို့နယ်က ကျေးရွာ ၃၀ ကျော်နဲ့ မြို့ပေါ်ရပ်ကွက် ၅ ခု မှာ ဇန်နဝါရီလ ၆ ရက် ညနေ ၉ နာရီမှာ တစ်ပြိုင်တည်းကပ်ပြီး ကမ်ပိန်းလုပ်ခဲ့တာဖြစ်တယ်။ အဖွဲ့တစ်ခုက ဦးဆောင်လုပ်တာမဟုတ်ဘဲ  အမ်းဒေသခံတွေအားလုံးက တောင်းဆိုတာဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ရောက်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်လေ့ရှိတာကြောင့် လွတ်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် မလွှတ်ပေးခဲ့ဘူး။ ရခိုင့်တပ်တော်ဖက်ကတောင် NLD အမတ်လောင်း ၃ ယောက်နဲ့ စစ်တပ်က တပ်မတော်သားတွေကို လွှတ်ပေးခဲ့ပေမယ့် တပ်မတော်နဲ့အစိုးရဖက်က တစ်စုံတစ်ရာ လွှတ်ပေးတာ မလုပ်သေးဘူး။ ကျနော်တို့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်မယ်။ ဘာမှ ထူးခြားမလာရင် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေ လုပ်သွားဖို့ရှိပါတယ်" ဟု ကိုမျိုးလွင်က ပြောသည်။

တောင်းဆိုချက် ၄ ချက်မှာ မြန်မာအစိုးရနှင့် မြန်မာစစ်တပ်တို့က ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချခံနေရသော ဒေါက်တာအေးမောင်၊ ကိုဝေဟင်အောင်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရေး၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသော တက်ကြွလှုပ်ရှားသူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့်မြန်မာပြည်အနှံ အမှုရင်ဆိုင်နေရသော ကျောင်း/သူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး ၊ရခိုင်ပြည်အနှံ့ ပုဒ်မအမျိုးမျိုးတပ်၍ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်တို့  ဖြစ်သည်။

 

Most Read

Most Recent