COVID-19 လူနာသစ် ၅၉၄ ဦး တွေ့ရှိသဖြင့် အတည်ပြုလူနာ ၁၂၈၇၇၂ ဦး ရှိလာပြီး သေဆုံးသူ ၁၄ ဦး ထပ်တိုး

COVID-19 လူနာသစ် ၅၉၄ ဦး တွေ့ရှိသဖြင့် အတည်ပြုလူနာ ၁၂၈၇၇၂ ဦး ရှိလာပြီး သေဆုံးသူ ၁၄ ဦး ထပ်တိုး
Published 7 January 2021

COVID-19 လူနာသစ် ၅၉၄ ဦးတွေ့ရှိသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ ၁၂၈၇၇၂ ဦး ရှိလာပြီး သေဆုံးသူ ၁၄ ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၆ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၇ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈၉၅၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာတွင် အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၉၄ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲအတည်ပြု လူနာများအနက် ၆၄၇ ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး စုစုပေါင်း ဆေးရုံးဆင်းခွင့်ရသူ ၁၁၂၀၄၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

COVID-19 အတည်ပြု လူနာများအနက် ထပ်တိုးသေဆုံးလူနာ ၁၄ ဦးရှိပြီး ၎င်းတို့အနက် ရောဂါအခံရှိသူ ၁၂ ဦး ပါဝင်ကြောင်း သိရကာ လက်ရှိအချိန်တွင် သေဆုံးသူ စုစုပေါင်း ၂၇၉၉ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ ၁၉၄၀၆၂၁ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၁၂၈၇၇၂ ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၁၁၂၀၄၈ ဦးရှိကာ သေဆုံးလူနာ ၂၇၉၉ ဦး ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၆၅၀) ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားရှိ၍ စောင့်ကြပ်ကြည်ရှုနေကြောင်း သိရသည်။

Most Read

Most Recent