COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံမှငါးများ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှု ကျဆင်းနေသဖြင့် ပြည်တွင်းငါးစားသုံးမှု တိုးတက်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံမှငါးများ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှု ကျဆင်းနေသဖြင့် ပြည်တွင်းငါးစားသုံးမှု တိုးတက်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ- စီးပွား/ကူးသန်း)
ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ- စီးပွား/ကူးသန်း)
Published 7 January 2021
နီလာ

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံမှငါးများ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှု ကျဆင်းနေသဖြင့် ပြည်တွင်းငါးစားသုံးမှု တိုးတက်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောငး်ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့နိုင်မှုမှ ဒေါ်လာ ၇၃၂ ဒသမ ၁၅၆ သန်းရှိပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၅၈ ဒသမ ၈၆၉ သန်းအထိ တိုးတက်လာကြောင်း၊ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးသည် COVID-19 ကပ်ရောဂါကာလ လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ပြည်ပသို့ ငါးအပါအဝင် ရေထွက်ပစ္စည်းတင်ပို့မှုများတွင် အခက်အခဲများ၊ အဆင်မပြေမှုများရှိသကဲ့သို့ ပြည်တွင်းစျေးကွက်တွင်လည်း ငါးနှင့်ရေထွက်ကုန် ပစ္စည်းစားသုံးမှု လျော့နည်းနေသဖြင့် ပြည်တွင်းပြည်ပစျေးကွက်တွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် အစည်းအဝေးပြုလုပ်၍ နှိုးဆော်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဇန်နဝါရီ  ၆ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပသည့် ငါးစားသုံးမှု  ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်တွင်းငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးစားကြရန်၊ COVID-19 ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေး အဆင်မပြေမှုများ၊ ရောင်းချမှုအဆင်မပြေမှုများရှိခြင်းကြောင့် ပြည်တွင်းတွင်လည်း ငါးစားသုံးမှု တိုးတက်လာစေရေး ၀ိုင်းဝန်းဆောင်ရွက်စေလိုကြောင်း၊ ပုံမှန်အတိုင်းသာရေလုပ်ငန်း ကဏ္ဍကို အကောင်အထည်ဖော်နိုင်မည်ဆိုပါက နှစ်နှစ်၊ သုံးနှစ်အတွင်း အလွန်တိုးတက်သော ကဏ္ဍတစ်ခုဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်အထိ မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၁၀၅၅ ဒသမ ၆၆ တန်၊ အင်းလုပ်ငန်းမှ ၂၉၅ ဒသမ ၄၀ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၁၂၀ ဒသမ ၇၄ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၂၈၄၄ ဒသမ ၈၃ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်းများမှ  ၁၁၂၁ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၃၉ ဒသမ ၃၆ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၆၀ ဒသမ ၆၉ တန်နှင့် ရေ ငန်ငါးဖမ်းလုပ်ငန်းမှ ၃၂၄၉ ဒသမ ၇၀ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း မွေးမြူရေးလုပ်ငန်းများမှ ၄၉၅ ဒသမ၄၉ တန်၊ အင်းလုပ်ငန်းမှ ၁၂၂ ဒသမ ၇၄ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၅၁၃ ဒသမ ၄၂ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၁၄၄၉ ဒသမ ၈၀ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက မွေးမြူရေးလုပ်ငန်းများမှ ၁၁၃၀ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၄၁ ဒသမ ၀၂ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၅၃ ဒသမ ၇၉၅ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၁၅၂ ဒသမ ၁၄  တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

ပြည်တွင်း မွေးမြူရေးစွမ်းအားများကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မကြာမီကာလအတွင်း ရေထွက်ကုန်တင်ပို့မှုသည် ဒေါ်လာတစ်ဘီလျံအထိ တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ပြည်တွင်းမှာလည်း မွေးမြူရေးစွမ်းအားတွေကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မကြာခင်ကာလမှာ ဒေါ်လာတစ်ဘီလျံလောက်အထိကို တင်ပို့နိုင်မယ့်အနေအထားရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးကဆိုသည်။                

 

Most Read

Most Recent