တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်‌ေတာ် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက် စတင်ကျင်းပမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံတော်သမ္မတ‌ တင်မြှောက်ခြင်းနှင့် အစိုးရသစ်ဖွဲ့စည်းရေးတို့ကို ဆောင်ရွက်မည်

တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်‌ေတာ် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက် စတင်ကျင်းပမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံတော်သမ္မတ‌ တင်မြှောက်ခြင်းနှင့် အစိုးရသစ်ဖွဲ့စည်းရေးတို့ကို ဆောင်ရွက်မည်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားစဉ် (Photo - Pyithu Hluttaw - ပြည်သူ့လွှတ်တော်)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားစဉ် (Photo - Pyithu Hluttaw - ပြည်သူ့လွှတ်တော်)
Published 6 January 2021
ပြည့်ဖြိုးအောင်

တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်‌ေတာ် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက် စတင်ကျင်းပမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံတော်သမ္မတ‌ တင်မြှောက်ခြင်းနှင့် အစိုးရသစ်ဖွဲ့စည်းရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်‌ေတာ် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌  ဖေဖော်ဝါရီ ၁ ရက်  နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်တွင် ပြည်သူ့လွှတ်တော်ရုံးက ကြေညာခဲ့သည်။

“နံပါတ်တစ် လွှတ်တော်အသီးသီးရဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌရွေးမယ်။ ပြီးတာနဲ့ တစ်ပြိုင်တည်း ပြည်ထောင်စုလွှတ်တော်ခေါ်မယ်။ နောက်ပြီးတော့ လွှတ်တော်အသီးသီးရဲ့ အမြဲတမ်းကော်မတီတွေ ရွေးချယ်ဖွဲ့စည်းရမယ်။ နောက်ပြီးတော့ သမ္မတရွေးမယ်။ သမ္မတကနေ အစိုးရအဖွဲ့ တင်သွင်းမယ်။ ပြီးရင် အတည်ပြုရမယ်။ နောက်ပြီးရင် သမ္မတက တင်သွင်းရမယ့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်။ ဒါ‌တွေကို တင်သွင်းပြီး အတည်ပြုရမှာပါ” ဟု အောင်မြေသာဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

ထို့ပြင် တတိယအကြိမ်လွှတ်တော်အစည်းအဝေးများသည် COVID-19 ကပ်ရောဂါ ကာလအတွင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာလှမိုးက ပြောကြားသည်။

“ကိုဗစ်ကာလ လွှတ်တော်အစည်းအဝေးတွေ ကျင်းပတဲ့ဟာကို ရှေ့မှာကတည်းက ဆရာတို့ လုပ်ခဲ့ပြီးသားလေ။ အားလုံးက ခြောက်ပေကြားထိုင်ပြီးတော့ မတိုင်ခင်မှာလည်း လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ကျန်းမာရေး ဆေးစစ်ပြီးတော့ ကိုဗစ်ကင်းစင်မှသာလျှင် လွှတ်တော်တက်ခွင့်ပြုမှာပါ” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လွှတ်တော်အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိကြောင်း သတင်းပို့လက်ခံဌာနများကို ဖွင့်လှစ်ထားရှိပြီး ဇန်နဝါရီလ ၂၄ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန် ပြည်သူ့လွှတ်တော်ရုံးက ကြေညာခဲ့သည်။

 

Most Read

Most Recent