တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် ၁၈ မြို့နယ်တွင် မဲမသမာမှုဖြစ်နိုင်သည့် ၃၇၀၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
မဲစာရင်းကွာဟခဲ့သည့် ၁၈ မြို့နယ်မှာ မရမ်းကုန်း၊ ဒလ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ တမူး၊ မော်လိုက်၊ ရွှေဘို၊ လဟယ်၊ လေရှီး၊ ဟားခါး၊ ဖာပွန်၊ ကွန်ဟိန်း၊ လင်းခေး၊ တွံတေး၊ ငပုတော၊ ကော့သောင်း၊ တနင်္သာရီ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ဖြစ်ပြီး မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၆၇၇၁၄ နှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၁၁၁၀၆ စုစုပေါင်း မဲမသမာမှုနှင့် ပတ်သတ်၍ မဲစာရင်း ၃၇၈၈၂၀ တွေ့ရှိခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ၁၈ မြို့နယ်အနက် ငပုတောမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) အများဆုံးဖြစ်ပွားခဲ့ပြီး ငပုတောမြို့နယ်တွင် UEC မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း ၂၃၅၄၂၈ ဖြစ်ပြီး စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) ၂၃၅၀၇၀ ဖြစ်သဖြင့် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၃၀၄၆၂ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၄၈၉၉၂ စုစုပေါင်း ၇၉၄၅၄ ဖြစ်ကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် UEC မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း ၂၉၉၇၆၈ ဖြစ်ပြီး စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) ၂၉၅၈၆၄ ဖြစ်သဖြင့် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၃၅၄၄ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၄၆၆၂၄ စုစုပေါင်း ၆၀၁၆၈ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မရမ်းကုန်းမြို့နယ် တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၃၃၀ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၀၄၄၂ စုစုပေါင်း ၁၁၇၇၂၊ ဒလမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၄၉၂၆ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၉၅၅၅ စုစုပေါင်း ၃၄၄၈၁ ၊ တမူးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၄၆၁၉ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၄၈၄၉ စုစုပေါင်း ၉၄၆၈၊ မော်လိုက်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၄၀၉၄ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၁၀၈ စုစုပေါင်း ၆၂၀၂၊ ရွှေဘိုမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၀၁၆၈ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၉၁၂၆ စုစုပေါင်း ၃၉၂၉၄ ၊ လဟယ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၂၇၈၇ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၅၁၂ စုစုပေါင်း ၄၂၉၉၊ လေရှီးမြို့နယ် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၇၂၀ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၄၀ စုစုပေါင်း ၁၀၆၁ တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ ဟားခါးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၃၈၅၅ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၀၉၀ စုစုပေါင်း ၆၉၄၅ ၊ ဖာပွန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၈၈ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၆၆၄ စုစုပေါင်း ၂၇၈၂၊ ကွန်ဟိန်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၆၁၁၇ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၆၂၂၄ စုစုပေါင်း ၂၂၃၄၁ ၊ လင်းခေးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၅၂၅ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၅၅၂ စုစုပေါင်း ၃၀၇၇ ၊ တွံတေးမြို့နယ် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၂၂၂၇ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၃၀၉၇ စုစုပေါင်း ၃၅၃၂၄၊ ကော့သောင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၅၃၄၂ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၅၀၁၇ စုစုပေါင်း ၃၀၃၅၉၊ တနင်္သာရီမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၆၉၀၀ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၆၆၇၀ စုစုပေါင်း ၂၃၅၇၀၊ အမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၃၂၄ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၈၂၉ စုစုပေါင်း ၄၁၅၃၊ တောင်ကုတ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသာ မဲစာရင်း ၁၀၄၇ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၀၂၃ စုစုပေါင်း ၄၀၇၀ တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မဲစာရင်းပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း အကြောင်းအရာများမှာ နိုင်ကတ်တူ အမည်တူ၊ အသက်တူ၊ မိဘတူများကြပြီး အချို့အချက်လွဲသူများ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း အကြောင်းအရာများမှာ နိုင်ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများ (၁၈ နှစ် ပြည့်၊ မပြည့်နှင့် နိုင်ငံသား ဟုတ်၊ မဟုတ် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စိစစ်ရမည်) နှင့် အသက် ၁၀၀ နှစ်အထက်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။















