"ခွန်ကန်အသင်းနဲ့အတူ တန်းတက်နိုင်ဖို့အတွက် ကျွန်တော့်မှာ ယုံကြည်မှုအပြည့်ရှိတယ်"
ထိုင်းလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ရာသီဝက်အပြောင်းအရွှေ့ကာလမှာတော့ မြန်မာယူ-၂၂ တိုက်စစ်မှူး အောင်ကောင်းမာန်ဟာ Lampang အသင်းကနေ ခွန်ကန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ Lampang အသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ သွင်းဂိုးတွေ ရရှိခဲ့သလို၊ ပွဲထွက်ခွင့်လည်းရလာတဲ့ အောင်ကောင်းမာန်ဟာ ဒီအပြောင်းအရွှေ့ကြောင့် အံ့အားသင့်စရာအခြေအနေဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ထိုင်းလိဂ်-၂ ရဲ့ အမှတ်ပေးဇယား အဆင့်(၂)နေရာမှာရှိနေပြီး ရာသီကုန်မှာလည်း တန်းတက်ဖို့အလားအလာရှိနေတဲ့ ခွန်ကန်အသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့ အောင်ကောင်းမာန်ကို Eleven Sports ကနေ ဆက်သွယ်မေးမြန်းခဲ့ပြီး ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် . . . . .















