လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဟာရီကိန်းအား ပေါင်သန်း (၉၀)ဖြင့် ကမ်းလှမ်းရန် မန်စီးတီးအသင်း စီစဉ်နေဟု သတင်းထွက် 

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဟာရီကိန်းအား ပေါင်သန်း (၉၀)ဖြင့် ကမ်းလှမ်းရန် မန်စီးတီးအသင်း စီစဉ်နေဟု သတင်းထွက် 
Photo: Getty Images
Photo: Getty Images
Published 1 January 2021

မန်စီးတီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် စပါးအသင်း၏ အဓိကတိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၉၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး၏နေရာတွင် အစားထိုးရန် ဟာရီကိန်းကို မျက်စီကျနေခြင်းဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် စပါးအသင်းတွင် နောက်ဆုံး (၆)ရာသီဆက်တိုက် ပြိုင်ပွဲစုံ ဂိုး (၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့သလို ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၁၆)ဂိုးအထိ သွင်းယူထားသူဖြစ်သည်။ 

ဟာရီကိန်းအနေဖြင့် ယင်းကဲ့သို့ ခြေစွမ်းပြနိုင်သော်လည်း စပါးအသင်းမှာ ဆုဖလားများနှင့် ဝေးကွာနေဆဲဖြစ်သည်။ ထို့ကြောင့် ဟာရီကိန်းက စပါးအသင်းအနေဖြင့် တိုးတက်မှုမရှိပါက မိမိအနေဖြင့် အနာဂတ်ကို စဉ်းစားရမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လက ပြောကြားခဲ့သည်။ 

ထို့ကြောင့် မန်စီးတီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဟာရီကိန်းအား ပေါင်သန်း (၉၀)ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ယခုရာသီတွင် စပါးအသင်း အောင်မြင်မှုမရခဲ့ပါက ယင်းအပြောင်းအရွှေ့မှာ ဖြစ်လာဖွယ်ရှိသည်ဟုလည်း မီဒီယာများက သုံးသပ်နေကြသည်။ 

ဟာရီကိန်းသည် လက်ရှိတွင် စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပြီး ၎င်း၏ စျေးကွက်တန်ကြေးမှာ ပေါင် (၁၀၈)သန်း ဝန်ကျင်ရှိကြောင်း Transfermarkt က ဖော်ပြခဲ့သည်။ 

Most Read

Most Recent