တောင်ကြီးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် လူ ၁၀၀ ကျော်ကို COVID-19 ပိုးရှိ မရှိ စစ်ဆေးရာ ၂၂ ဦး ပိုးတွေ့ရှိပြီး ယာဉ်ထိန်းရုံးကို အသွားအလာကန့်သတ်ခဲ့

တောင်ကြီးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် လူ ၁၀၀ ကျော်ကို COVID-19 ပိုးရှိ မရှိ စစ်ဆေးရာ ၂၂ ဦး ပိုးတွေ့ရှိပြီး ယာဉ်ထိန်းရုံးကို အသွားအလာကန့်သတ်ခဲ့
Published 31 December 2020
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ် တောင်ကြီးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် တပ်ဖွဲ့ဝင်၊ မိသားစုဝင်လူဦးရေ ၁၀၀ ကျော်ကို စစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့လူနာ ၂၂ ဦးရှိခဲ့သဖြင့် ယာဉ်ထိန်းရုံးကို အသွားအလာ ကန့်သတ်ထားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ရှိ အမှတ် (၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၌ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်ဆေးရာ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီအထိ ရောဂါပိုးတွေ့ လူနာ ၂၂ ဦး စစ်ဆေးတွေ့ရှိထားပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူများမှာ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် ၁၆ ဦး၊ မိသားစုဝင် ခြောက်ဦး၊ စုစု ပေါင်း ၂၂ ဦးဖြစ်ပြီး ပိုးတွေ့လူနာများကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ ကြက် ခြေနီသူနာပြုတပ်ဖွဲ့က ခေါ်ဆောင်သွားပြီး ထိတွေ့သူများအား ကမ္ဘောဇသာသနာဗိ မာန်၌ အသွားအလာကန့်သတ်ထားကြောင်း သိရသည်။

အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရုံးတွင် အနံ့ပျောက်သူလေးဦးရှိခဲ့သဖြင့် ကျန်း မာရေးစစ်ဆေးမှုခံယူခဲ့ရာတွင် ထိုသို့ ရောဂါ ပိုးရှိသူပေါင်း ၂၂ ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ယာဉ်ထိန်းရုံးကို အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

“ဒီမှာတော့ အသွားအလာကန့်သတ် လိုက်တာပေ့ါ။ လောလောဆယ် Positive ဖြစ်သူပေါင်း ၂၂ ယောက်ပေါ့။ လောလော ဆယ်တော့ ဖြစ်တဲ့အတိုင်းအတာ မပြောသေး ပါဘူး။ အနံ့ပျောက်တယ်ဆိုပြီး စစစ်တာပေ့ါ။ Contact တွေကိုတော့ သာသနာ့ဗိမာန်မှာ ထားထားတယ်။ လောလောဆယ် စာရင်းမသိ ရသေးပါဘူး။ အခု ၁၉ ယောက် ဆေးရုံပို့ထား တယ်။ ကျန်တဲ့နှစ်ယောက်တောင် ဆေးရုံပို့ရ မလား၊ စဝ်စံထွန်းဆေးရုံကို ပို့ရမလားဆိုတာ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက် စောင့်နေတယ်” ဟု ရှမ်းပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယပြည်နယ်မှူး ဦးအောင်ကျော်မျိုးက ဆိုသည်။

အဆိုပါ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးတွင် ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း၊ တာဝန်ရှိသူများက မိသားစုဝင်များအား သွားရောက်ခေါ်ဆောင်ခြင်း ဆောင်ရွက်၍ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent