၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းသည် သမားရိုးကျ အိမ်ထောင်စုများ၏ လူဦးရေကိုသာ ကောက်ယူခြင်းဖြစ်ပြီး အဖွဲ့အစည်းပုံစံဖြင့် နေထိုင်သူများနှင့် အိမ်ခြေရာခြေမဲ့ လူဦးရေများ မပါဝင်သည်ကို စာရင်းအင်း အချက်အလက် အသုံးပြုသူများ သတိပြုစေလိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းသည် သမားရိုးကျ အိမ်ထောင်စုများ၏ လူဦးရေကိုသာ ကောက်ယူခြင်း ဖြစ်သည့်အတွက် အဖွဲ့အစည်းပုံစံဖြင့် နေထိုင်သူများနှင့် အိမ်ခြေရာခြေမဲ့ လူဦးရေများ မပါဝင်သည်ကို စာရင်းအင်း အချက်အလက် အသုံးပြုသူများအနေဖြင့် သတိပြုစေလိုကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းရလဒ်များ ထွက်ရှိလာခြင်းသည် မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ပူးပေါင်းပါဝင်ပေးကြသူများအတွက် မှတ်တိုင်တစ်ခု ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များသည် ကိုဗစ်-၁၉ မတိုင်ခင်နှင့် ကိုဗစ်-၁၉ အလွန်ကာလ ပြောင်းလဲမှုများ၊ ကိုဗစ်-၁၉ ၏ေ နာက်ဆက်တွဲ အကျိုးဆက်များကို ဆန်းစစ်လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် စနစ်တကျပြင်ဆင် အကောင်အထည်ဖော်ရာတွင် များစွာအထောက်အပံ့ ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့ကြောင့် မိမိတို့နိုင်ငံရှိ ပြည်သူများ၏ ပကတိလူမှုစီးပွားရေး အခြေအနေမှန်ကိုပြဆို သည့် အရင်းအမြစ်များအဖြစ် အဆိုပါရလဒ် များကို အသုံးပြုကြပါရန် တိုက်တွန်းကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာ ရင်းကောက်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြ သည့် ဌာနဆိုင်ရာများ၊ UNFPA ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ မေးခွန်းလွှာမေးမြန်းရာတွင် စိတ်ပါဝင်စားစွာ ပူးပေါင်းဖြေဆိုပေးခဲ့ကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်း ခေါင်စာရင်း ကောက်ယူပြီးနောက် ပင်မအစီ ရင်ခံစာ မထုတ်ပြန်နိုင်မီ ကိုဗစ်-၁၉ တုံ့ပြန် ရေးနှင့် ကုစားရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် စာရင်းအင်းအချက်အလက် များကို ပံ့ပိုးပေးနိုင်ရန် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်တွင် ထုတ် ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြား ဖြတ် လူဦးရေသန်းခေါင်စာရင်းသည် ကိုဗစ်- ၁၉ မဖြစ်ပွားမီ အနီးကပ်ဆုံး ကောက်ယူပြီးစီး ခဲ့သည့် စစ်တမ်းဖြစ်သည့်အပြင် မေးခွန်း ပေါင်း ၁၁၀ မေးမြန်းနိုင်ခဲ့သည့်အတွက် လူ ဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက် များကို အဆိုပါစစ်တမ်းမှ ရရှိနိုင်မည်ဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေး ဆင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရ ဌာနများ၊ ဦးစီးဌာန^အဖွဲ့အစည်း များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအထိ အောင်မြင်စွာ ကွင်း ဆင်းကောက်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း (Myanmar Sustainable Development Plan) ကို အကောင်အထည် ဖော်ရာတွင် တိုးတက်မှု၊ ထိရောက်မှုများကို စောင့်ကြည့်အကဲဖြတ်မည့် အမျိုးသားအဆင့် ညွှန်းကိန်းမူဘောင် (National Indicator Frame-Work) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals) များအတွက် ချမှတ်ထားသည့် ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို သုံးသပ်နိုင်ရန်နှင့် အညွှန်းကိန်းများ ပံ့ပိုးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ကြောင်း၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းတွင် အပိုင်း ၁၂ ပိုင်း၊ မေးခွန်းပေါင်း ၁၁၀ ပါဝင်ပြီး လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်း၊ ပြည်ပ ပြောင်းရွှေ့သွားလာမှု၊ ပညာရေးနှင့် လုပ်သားအင်အား၊ မွေးဖွားမှုနှင့် သေဆုံးမှု၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အိုနှင့် ဆက်စပ်သည့်အကြောင်းအရာများ၊ အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး စသည့် အချက်အလက်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ မေးမြန်းခဲ့သည့်အတွက် အညွှန်းကိန်းများစွာကို ဖော်ထုတ်ပံ့ ပိုးပေးနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။















