ကိုရိုနာဗိုင်းရပ်စ်လွှမ်းမိုးမှုနဲ့ အခက်အခဲတွေကြားက ၂၀၂၀ ကမ္ဘာ့ဘောလုံးဒိုင်ယာရီ

ကိုရိုနာဗိုင်းရပ်စ်လွှမ်းမိုးမှုနဲ့ အခက်အခဲတွေကြားက ၂၀၂၀ ကမ္ဘာ့ဘောလုံးဒိုင်ယာရီ
Photos : AFP, FIFA, UEFA, Daily Mail, Getty Images
Photos : AFP, FIFA, UEFA, Daily Mail, Getty Images
Published 29 December 2020
ဖိုးသား

နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ကာလအပိုင်းအခြားတစ်ခုကို ရောက်ခဲ့ပြန်ပါပြီ။ ဖြတ်သန်းခဲ့တဲ့ ၂၀၂၀ ခုနှစ် နေ့စွဲတွေကတော့ ကာလတွေကြာလာတာနဲ့အမျှ အမှတ်တရတစ်ခု၊ အတိတ်တစ်ခုအဖြစ်သာ ကျန်ခဲ့တော့မှာပါ။ ဘောလုံးကမ္ဘာမှာလည်း ၂၀၂၀ ခုနှစ်အတွင်း အနိမ့်အမြင့်၊ အတက်အကျမျိုးစုံ၊ အောင်မြင်မှု၊ ကျရှုံးမှုမျိုးစုံ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းမျိုးစုံနဲ့ ရသစုံတဲ့ ဖျော်ဖြေမှုတွေပေးစွမ်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်ရဲ့ ဘောလုံးနေ့စွဲတွေကို စိုးမိုးသွားခဲ့တာက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး ကမ္ဘာကြီးနာကျင်မှုနဲ့အတူ ဘောလုံးရပ်ဝန်းမှာလည်း ထိခိုက်ဆုံးရှုံးမှုတွေ များခဲ့ပါတယ်။ ဘောလုံးပွဲတွေ ရပ်နားခဲ့ရတာ၊ ပရိသတ်မပါတဲ့ပွဲတွေကို မြင်ခဲ့ရတာ၊ ထိပ်တန်းကလပ်အသင်းကြီးတွေတောင် မတွန်းလှန်နိုင်ခဲ့တဲ့ ငွေကြေးအခက်အခဲတွေကြုံခဲ့ရတာ၊ ပြီတော့ ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့တာ။ ဘောလုံးနဲ့သက်ဆိုင်သူတွေအတွက်တော့ ၂၀၂၀ ခုနှစ်ဟာ ပြန်မတွေးချင်စရာ ကောင်းနေပါလိမ့်မယ်။ နောက်ထပ် ၂၀၂၀ ကို နာကျင်မှုတိုးစေခဲ့တာကတော့ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ ကွယ်လွန်ခြင်းပါပဲ။ ဘာပဲပြောပြော ဖြတ်သန်းခဲ့တဲ့နှစ်တစ်နှစ်ရဲ့ အမှတ်တရတွေ၊ အဖြစ်အပျက်တွေအားလုံးကို ပြန်လည်အမှတ်ရစေဖို့ ၂၀၂၀ ခုနှစ် ကမ္ဘာ့ဘောလုံးဒိုင်ယာရီကို ဖော်ပြပေးလိုက်ပါတယ်။

 

Most Read

Most Recent