ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 12 December 2020

ဝုလ်ဗ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၇:၀၀ နာရီ)

အက်စတွန်ဗီလာက ကစားပုံကောင်းပေမဲ့ ဘရိုက်တန်၊ ဝက်စ်ဟမ်းတို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ နောက်ဆုံး (၅)ပွဲမှာလည်း အာဆင်နယ်တစ်သင်းတည်းကို အနိုင်ရခဲ့တယ်။ ဂရီးလစ်ရှ် ပုံစံကောင်းပြနေပေမဲ့ ခံစစ်က ဂိုးတွေလွယ်လွယ်လေးပေးနေရတာ ဆိုးတယ်။ ဝုလ်ဗ်က ခံစစ်ကစားပုံ မာကျောတဲ့အသင်းဖြစ်ပြီး ဗီလာအတွက် အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ တိုက်စစ် အားနည်းနေတယ်။ သရေဖြစ်သွားနိုင်တယ်။ 

နယူးကာဆယ် - ဝက်စ်ဘရွန်း (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက်် ည ၉:၃၀ နာရီ)

နယူးကာဆယ်ရဲ့ကစားပုံက အရမ်းအားရစရာကောင်းတာမျိုးမဟုတ်ပေမဲ့ စုစည်းမှုရှိတယ်။ ခံစစ်ကစားရင် ရုပ်ပျက်ဆင်းပျက် ပိတ်ကစားတတ်တယ်။ တိုက်စစ်မှာလည်း ကာလမ်ဝီလ်ဆင်က အားကိုးရတယ်။ ဝက်စ်ဘရွန်းက ပယ်ရဲရား မပါတာ သိသာလိမ့်မယ်။ တိုက်စစ်ကလည်း ကွင်းလယ်ကောင်းနေတဲ့အချိန်မှာတောင် ဂိုးရဖို့ ရုန်းကန်ရလေ့ရှိတယ်။ ဒါကြောင့် နယူးကာဆယ်ကို ကြိုက်တယ်။ 

​​​​​​​

မန်ယူ - မန်စီးတီး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက်် ည ၁၂:၀၀ နာရီ)

မန်ယူ-မန်စီးတီးအားပြိုင်ပွဲက တစ်နည်းအားဖြင့် ဘရူနိုဖာနန်ဒက်စ်-ဒီဘရိုင်းနား အားပြိုင်ပွဲလို့လည်း ပြောရမယ်။ မန်စီးတီးခံစစ်က ဘရူနိုဖာနန်ဒက်စ်ဆီက ထွက်လာမယ့်လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားရမှာဖြစ်သလို၊ မန်ယူကလည်း  ဒီဘရိုင်းနားဆီကထွက်လာမယ့် ဘောလုံးလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားရမှာဖြစ်တယ်။ လက်ရှိ ရလဒ်ပိုင်းအရဆိုရင် မန်ယူက မန်စီးတီးထက်ပိုကောင်းနေပြီး၊ မန်စီးတီးကတော့ ပွဲကျပ်တွေကို ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးနှစ်ပွဲမှာ Clean Sheet တွေနဲ့ နိုင်ပွဲတွေယူခဲ့တာတွေ့ရတယ်။ ဒီပွဲက မန်ယူအသင်းရဲ့ကွင်းမှာ ကစားရမယ်ဆိုပေမဲ့ Possession Base ကစားမယ့် မန်စီးတီးက ပွဲကိုစိုးမိုးထားဖို့ သေချာပြီး၊ မန်ယူကတော့ မနှစ်က နှစ်ကျော့စလုံးနိုင်ခဲ့တုန်းကလိုပဲ Denfense Base ကစားမယ်၊ Transition တွေနဲ့ ထိုးနှက်ဖို့ ကြိုးစားလိမ့်မယ်။ မန်စီးတီးရဲ့ အကောင်းဆုံးအချိန်မဟုတ်ပေမဲ့ မန်ယူ ခံစစ်အားနည်းနေချိန် ဖြစ်လို့ ဂိုးရဖို့ သိပ်မခက်လောက်ဘူး။ အပြန်အလှန်ဂိုးရနိုင်တယ်။ (၁-၁၊ ၁-၂)ရလဒ်တွေကို ကြိုက်တယ်။ 

အဲဗာတန် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၃ ရက်် နံနက် ၂:၃၀ နာရီ)

အဲဗာတန်က ဘန်လေနဲ့ ကစားခဲ့တဲ့ခြေစွမ်းက အားရစရာမရှိဘူး။ ဘန်လေရဲ့ တန်ပြန်တိုက်စစ်ကို အသည်းအသန် ထိန်းချုပ်ခဲ့ရတယ်။ ချယ်လ်ဆီးကိုလည်း ခက်ခက်ခဲခဲ ထိန်းချုပ်ရမှာ သေချာတယ်။ ဒါပေမဲ့ ဘန်လေနဲ့ပွဲတုန်းကလိုမဟုတ်ဘဲ သဘောသဘာဝ ပြောင်းသွားနိုင်တာက ဒီပွဲက ချယ်လ်ဆီးကို ထိုးဖောက်ဖို့ထက် ချယ်လ်ဆီးတိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးစားရမယ့် သဘောမျိုးဖြစ်သွားတယ်။ အဲဒီလိုအနေအထားတွေမှာ အယ်လန်၊ ဒူကူဟေတို့ရဲ့ ကွင်းလယ်လုပ်အားနှုန်းနဲ့ ရစ်ချာလီ ဆန်၊ ကယ်လ်ဗတ်လူဝင်တို့ရဲ့ တိုက်စစ်က ချယ်လ်ဆီးခံစစ်ကို ထိုးဖောက်နိုင်မလားဆိုတာ ကြည့်ရမယ်။ နောက်ပိုင်းပွဲတွေမှာ ကယ်လ်ဗတ်လူဝင်သွင်းတဲ့ဂိုးတွေက တန်ပြန်တိုက်စစ်တွေကနေ အဆုံးသတ်တာ၊ အမြင့်ဘောကို ခေါင်းတိုက်တာတွေဖြစ်နေလို့ ချယ်လ်ဆီးအတွက် အခက်အခဲရှိနိုင်တယ်။ ချယ်လ်ဆီးကတော့ ဇီယာ့ရှ်ပါရင် ပိုပြီးကောင်းပေမဲ့ မပါရင်တော့ တိုက်စစ်က နည်းနည်းအီချင်တယ်။ ဟာဗက်ဇ်ဆီက အများကြီးမျှော်လင့်လို့ မရသေးဘူး။ သရေကျသွားနိုင်တဲ့ပွဲမျိုး ဖြစ်နေတယ်။ 

Most Read

Most Recent